🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၁၅)
(မောင့်သက်လျာ Season 2)
🚨🚨🚨"ဟျောင့် အခြေနေဘယ်လိုလဲ "
မျက်နှာကြီး မှိုင်တွေကာ အခန်းထဲဝင်လာတဲ့ ဘုန်းမင်းခန့်ကို မြင်တာကြောင့် သန့်ဇင်လင်း မေးငေါ့ကာ လှမ်းမေးလိုက်သည် ...
ဒီလိုမျက်နှာထား ဖြစ်လာပုံထောက်ရင်တော့ အဆင်မပြေခဲ့တာ သေချာသလောက်ရှိသည် ..."ရှင်းပြဖို့တောင် လက်မခံဘူး ... ဟူး "
ဘုန်းမင်းခန့် သက်ပြင်းရှည်ကြီးချကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်၏ ..."ဘုန်းမင်းခန့် ငါတကယ်တောင်းပန်ပါတယ်ကွာ ... သန့်ဇင်လင်းပြောမှ မင်းသူ့ကို တကယ်ချစ်နေတယ်ဆိုတာ သိတာပါကွာ ... နောက်ပြီး ငါခုလိုဖြစ်မယ်မှန်းလည်းမသိလို့ ရတီ့ကို ပြောပြလိုက်မိတာပါ ... "
လင်းခ တကယ်ကြီးခံစားနေရပုံပေါက်သော ဘုန်းမင်းခန့်ကိုကြည့်ကာ သူရဲ့ အပြစ်ရှိစိတ်က ပိုတိုးလာခဲ့၏ ..."ဟူး "
သူဘာမှ မပြောချင်တော့ပါ ... ခုချိန်မှာ သူမနဲ့သာ အဆင်ပြေချင်ပါသည် ... အခု သူတကယ် ၀ဋ်လည်နေပါပြီ ... အရင်က အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်က ဘာလဲမသိခဲ့ပေမယ့် ခုတော့ သူလက်တွေ့ခံစားနေရပါပြီ ...
.........
"သွန်း ... ငါနင့်အတွက် စာကူးပေးထားတယ် ""အင်း ကျေးဇူးပဲ "
"နင် အဆင်ပြေရဲ့လား "
"အင်း ပြေပါတယ် "
သွန်း အသက်မပါသော အပြုံးလေးနှင့် ရတီ့ကို ပြုံးပြလိုက်၏ ..."ဒါနဲ့လေ မနေ့က ကျောင်းသားအသစ် ရောက်တယ်ဟ ... အရမ်းလဲချောတယ်သိလား စာလဲတော်တယ်တဲ့ အဲ့ဘုန်းမင်းခန့်လို ကောင်မျိုးကို မေ့ပစ်လိုက် နော် "
ရတီ သွန်း ခံစားရတာတွေ အနည်းငယ် လျှော့သွားစေရန် အနည်းငယ်စလိုက်သည် ..."အဟင်း "
"ဝါး ရတု ရတု လာပြီ "
အတန်းထဲက ကောင်မလေးတွေက တစ်နေရာကို ကြည့်နေကြပြီး တီးတိုး တီးတိုးပြောနေကြသည် ..."ဟဲ့ အဲ့တာလေ ရတုတဲ့ စကောလားရှစ်ကျောင်းသား အရမ်းလဲချမ်းသာတယ်တဲ့ တခြားသူတွေဆို ဒီချိန် ကျောင်းပြောင်းလက်မခံပေမယ့် သူက ပါချုပ်ကြီးရဲ့တူတဲ့ "
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
عاطفية🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...