အပိုင်း (၂၀)

7.4K 67 0
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၂၀)
(မောင့်သက်လျာ Season 2)
🚨🚨🚨

သူမနှင့် ဟိုကောင် အတူတူ ပြဇာတ်မှာ ပါရမယ်ဆိုတာက
ဘုန်းမင်းခန့်နားထဲကို အမြန်ရောက်ရှိလာခဲ့သည် ...

"တောက်ခ် "
အလိုမကျမှုတွေနဲ့အတူ သူမဆီ ဖုန်းခေါ်လိုက်သည် ...
ဖုန်းက ဝင်သွားပေမယ့် သူမက မကိုင်ပေ ...
၃ခါဆက်တိုက်ခေါ်ပြီး မကိုင်တာကြောင့် သူစိတ်တိုတိုနှင့် အံကြိတ်ကာ သူမဆီ စာပို့လိုက်သည် ...

"ခင် မောင်ခုချက်ချင်း ခင့်ကို လာဖက်မနမ်းစေချင်ရင် မောင့်ဖုန်းကို ကိုင်လိုက်နော် ..."

"ကျစ် "
ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်တဲ့ သူ့ရဲ့အကျင့်ကိုလဲ ဂရုမစိုက်ပဲ မနေနိုင်ပါ ...
ထပ်ဝင်လာတဲ့ ဖုန်းကိုသာ ကိုင်လိုက်ရသည် ...

"ဘာလဲ ဘာကိစ်စလဲ ..."

"မင်း ဟိုကောင်နဲ့ တွဲကျတယ်ဆို "

"အဲ့ဒါနင်နဲ့ ဘာဆိုင်လဲ "

"ကျစ် မင်းမလုပ်ရဘူး "

"လုပ်မှာပဲ နင်နဲ့ဘာဆိုင်လဲ "

"ခင် ..."
ဒေါသတကြီး အော်လိုက်တဲ့အသံကြောင့် ဖုန်းထဲကနေတောင် သူမ လန့်သွားရသည် ...

"ငါ့ကို မအော်နဲ့ "

"အေး မင်းလုပ်ရဲရင် လုပ်ကြည့်လိုက် ပြီးမှ မောင့်အဆိုးမဆိုနဲ့နော် ... အဟက် "
မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခုဆင်လိုက်ပြီး သူမကို သတိပေးသလိုပြောလိုက်သည် ...
သူ့အပိုင် ကောင်မလေးကို ရက်ရောရအောင် သူက ဝေဿန္တရာ မင်းကြီးမှ မဟုတ်တာ ...

"ဟွန့် ..."
သူမကတော့ သူ့အပြောကို ဂရုမစိုက်ပဲ ဖုန်းချပစ်လိုက်တော့သည် ...
...........
"သမီး "

"ရှင် ဖေဖေ "

"မနေ့ညက ကောင်က ဘယ်သူလဲ ... သမီးနဲ့ သိလား "
ထမင်းစားနေရင် သူ့ဖေဖေ ဦးနေမင်းခရဲ့ အေးစက်စက် အမေးကြောင့် သွန်းတစ်ယောက် လက်ဖျားတွေပင် အေးတက်လာရသည် ...

"ရှင် ... ရှင်"
အသံကိုထိန်းပြောပေမယ့် အနည်းငယ်တုန်ရီနေကာ ဘာပြောရမှန်းမသိပေ ...

"အော် ကိုကလဲ သမီးလေးက ဘယ်သိပါ့မလဲ ဒီတိုင်းရပ်ကွက်ထဲက ကလေးတွေ သီချင်းလာဆိုတာ နေမှာပေါ့ "
သွန်း မေမေက ဝင်ပြောပေးလိုက်မှ သူမ ရောကာခေါင်းငြိမ့်ကာ သက်ပြင်းချနိုင်တော့သည် ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now