🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၃)
(မောင့်သက်လျာ Season 2)
🚨🚨🚨ဒီနေ့က ဘုန်းမင်းခန့် သူငယ်ချင်းတွေနဲ့ လောင်ထားတဲ့အတိုင်း သွန်းခခခင်ဆိုတဲ့ ကောင်မလေးကို စလိုက်မယ့်နေ့ဖြစ်သည် ...
ပထမဆုံး မိန်းကလေးတွေရဲ့ အသည်းစွဲ မိန်းကလေးတိုင်းပျော့သွားစေမယ့်အရာဖြစ်သည့် ပန်း နှင်းဆီပန်းကို အရင်းဆုံးဝယ်လိုက်၏ ... ကြက်သွေးရောင်နှင်းဆီပန်းစည်းကြီးကာ လှပနေသည် ...အထူးသဖြင့် နှင်းဆီပန်းစည်းကိုင်ထားတဲ့ ယောက်ျားက ပို၍တောက်ပနေသည် ... ရှပ်အကျီအနက်ရောင်လက်ရှည်ကို စတိုင်ပန်ဘောင်းဘီ အမဲရောင်အပွနှင့်တွဲဖက်ဝတ်ဆင်ထားပြီး အကျီလက်ရှည် လက်တစ်ဝက်လောက်ကို လှန်တင်ထားတာကြောင့် လက်ကောက်ဝတ်နဲ့ နှင်းဆီပန်းစည်းကိုင်ထားတဲ့လက်က အကြောစိမ်းတွေက ထိုးထောင်နေစွာ မြင်သူတိုင်းရင်ခုန်ဖွယ်အတိ ...
ရှပ်အကျီကိုလဲ ကြယ်သီးအစုံမတပ်ထားပဲ အပေါ်ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားတာကြောင့် လမ်းလျှောက်လိုက်တိုင်း သူ့ရင်ဘတ်ကျယ်ကျယ်ကြီးကို တစိုးစတစိ လှမ်းမြင်နေရသည် ...
အသားအရေကလဲ ဖွေးအုနုဖက်နေတာမျိုးမဟုတ်ပဲ ပြင်ဦးလွင်သားပီပီယောက်ျားဆန်ဆန် ဖြူဖွေးနေကာ အလွန်ကြည့်လို့ကောင်းလှသည် ...
ဆံလိပ်အမြဲတမ်းသောက်ပေမယ့် သူ့နှုတ်ခမ်းတွေကမဲမနေပဲ နှုတ်ခမ်းနီအညိုရောင်ဆိုးထားသလို နီညိုရောင်လေးဖြစ်နေ၏
... စိမ်းဖန့်ဖန့်အသားရေကြောင့် အလွန်လိုက်ဖက်စွာ ကြည့်ကောင်းလှသည် ...
ပုံသွင်းထားတဲ့ ဆံပင်ကေနဲ့ကလဲ လိုက်ဖက်ညီစွာ သပ်ရပ်နေလေသည် ...
ဘုန်းမင်းခန့် ကျောင်းထဲရောက်ရောပ်ချင်း သူ့အခန်းကို အရင်မဝင်ပဲ သူမအခန်းဆီသို့ ဦးတည်လိုက်သည် ...
သူမအခန်းရှေ့ရောက်တော့ ခနရပ်ကာ အခန်းရှေ့က ပြတင်းပေါက်က မှန်ကိုကြည့်ကာ ပုံကျနေသော ဆံပင်ကေကို အနည်းငယ်ထပ်ပြင်ကာ အခန်းထဲမှာ စာထိုင်လုပ်နေတဲ့ သူမနားဆက်လျှောက်သွားလိုက်သည် ... အခန်းထဲ ဘုန်းမင်းခန့်ဝင်လာတော့ အခန်းထဲက မိန်းကလေးရော ယောက်ျားလေးတွေပါမကျန် အကြည့်တွေအကုန်လုံးက သူ့ဆီသို့ ကျရောက်လာခဲ့၏...
တချို့မိန်းကလေးတွေထံမှလဲ တိုးစစအသံတွေ ထွက်လာလေသည် ...
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Romance🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...