🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၂၆)
(မောင့်သက်လျာ Season 2)
🚨🚨🚨"ဖေဖေနဲ့ မေမေ ကျွန်တော် မိန်းမ ခိုးလာတာ "
"ဘာ "
"ဟင် "
လင်မယားနှစ်ယောက်လုံး မျက်လုံး ပြူးသွားရသည် ..."ဒါဆို ဒီသမီးလေးက ..."
"ဟုတ် ... ခင့်ကို ကျွန်တော်ခိုးလာတာပါ "
"ဟယ် ... သားရယ် သမီးလေးရဲ့ မိဘတွေက သားကို အမှုတွေဘာတွေ ဖွင့်ရင် ဘယ်လိုလုပ်မလဲ ... မင်းဘာတွေ လုပ်နေတာလဲကွယ် "
"ကျွန်တော် အဲ့တာတွေ စိတ်မဝင်စားဘူး မေမေ ... ကျွန်တော် ခင့်ကို ချစ်တယ် ခုကျွန်တော်နဲ့ ခင်ကိုလဲ ခွဲလို့မရတော့ဘူး ကျွန်တော် ညတည်းက ခိုးလာတာ ... အဲ့တာကြောင့် ကျွန်တော့ကို မိန်းမ လိုက်တောင်းပေးပါနော် "
"..."
မောင်မင်းကြီးသား တစ်ဖက် မိန်းကလေးလဲ ပါတာမို့ ဘာမှမပြောပေမယ့် စိတ်ကတော့ တိုနေရသည် ... ဘယ့်နှယ် ကျောင်းတက်နေတုန်း မိန်းမခိုးလာသတဲ့ ဖအေထက် သားတစ်လ ကြီးနေလေသည် ..."အေးပါကွယ် ... မောင် တင်တောင်းဖို့ ပစ္စည်းတွေ ပြင်ပြီး သွားကြရအောင်နော် "
"အင်း သွားရမှာပေါ့ ... "
သူ့သားကို မကြည်ကြည့်နဲ့ တစ်ချက်ကြည့်ကာ ထလိုက်သည် ...
.........
"ဟယ် အကိုရေ ဟိုမှာ "
ခြံထဲကို ဝင်လာတဲ့ ကား၃စီးကို လက်ညှိုးထိုးကာ ပြလိုက်သည် ..."အင်း "
ပထမကားထဲကနေ သွန်းရဲ့ လက်ကို ဆွဲကာ ဆင်းလာသူ ဘုန်းမင်းခန့် ...
သွန်းကတော့ ခေါင်းကိုသာ ငုံ့ထားလေသည် ...နောက်ကနေ ဘုန်းမင်းခန့်ရဲ့ ဖေဖေနဲ့မေမေ
နောက်ထပ် ရှေ့နေတွေနှင့် ရပ်ကွက်လူကြီးတွေ ဖြစ်လေသည် ..."ကျွန်တော်တို့ လာရောက်ရတဲ့ အကြောင်းအရင်းကတော့ ဦးနေမင်းခနဲ့ ဒေါ်ကေတို့ရဲ့ သမီး မသွန်းခခခင်ကို ဦးမောင်မင်းကြီးသားနှင့် ဒေါ်မေသက်လျာတို့၏သား မောင်ဘုန်းမင်းခန့်က လူကြီးစုံရာနှင့် လာရောက်အပ်နှင်းတောင်းယူတာပဲ ဖြစ်ပါတယ်ခင်ဗျာ "
လူကြီးများထဲမှ အသက်ကြီးဆုံး လူတစ်ယောက်မှ အရင်စကားကြောင်းလိုက်သည် ...
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Romance🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...