အပိုင်း (၄၀) ဇာတ်သိမ်းပိုင်း

15.3K 141 3
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၄၀) ဇာတ်သိမ်းပိုင်း
(မောင့်သက်လျာ Season 2)
🚨🚨🚨

"ခင် မဝတ်ရဘူးနော် အခုပြန်လဲ "
ဘုန်းမင်းခန့် သူ့မိန်းမသူကြည့်ပြီးပါးစပ်အဟောင်းသာ ဖြစ်နေရသည် ...
ရေကူးဝတ်စုံ အနီရောင်လေးကို ဝတ်ထားတာကာ အသားဖြူသူမို့ လိုက်ဖက်နေပီ့း ကောက်ကြောင်းအလှ အရှိုက်အဝန်းတွေမှာလဲ ရင်သပ်ရှုမောဖွယ် ပေါ်ထွက်နေသည် ...
ဒီလောက်လှတဲ့ သူမကို သူသာမြင်ချင်ပါသည် ... တခြားကောင်တွေ ဝိုင်းကြည့်ကြမှာမျိုးတော့ လုံးဝလက်မခံနိုင်ပါ ...

"ခင် မောင်ပြောတာကြားလား ခုပြန်လဲလို့ "

"ဟာ ... ဘာလို့လဲ မောင်ကလဲ "

"ဘာလို့ကမှာလဲ အရမ်းလှနေလို့ပေါ့ ... မောင့်မိန်းမရဲ့ အလှတရားတွေကို ဘယ်‌သူ့ကိုမှ ပေးမမြင်နိုင်ဘူး မောင်ကလွဲပြီး အဲ့တာကြောင့် မဝတ်ရဘူး "

"ဝတ်မှာပဲ ကမ်းခြေရောင်တုန်းလေး ဝတ်ရတာကို "

"အဲ့တာဆိုလဲ ဝတ်ဗျာ ...အပြင်တော့ လုံးဝမထွက်ဘူး "

"ဟာ ... အပြင်မထွက်ပဲ ဘာလုပ်ရမှာလဲလို့ "
သူမက ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ လန်းမယ်လုပ်ထားတဲ့အတွေ‌းလေး ခုတော့ပျက်ရတော့မယ် ...

"ဟာ ... ခင်က အပြင်ထွက်ပြီး ဘယ်သူ့ကို ပြချင်သေးလို့လဲ "

"အဲ့လိုမဟုတ်ဘူးလေ ... မောင်ကလဲ ကမ်းခြေမှာပါဆို ရေကူးဝတ်ဆုံလေးနဲ့ ရေကူးချင်သေးတာပေါ့လို့ သူများတွေလဲ ဒီလိုဝတ်နေကြတာကို "

"ခင်က‌တော့ မဝတ်ရပါဘူး မောင်ခွင့်မပြုနိုင်ဘူး ... အကျီပြန်လဲပြီး ရေကူးဆင်းမလား ... အခန်းထဲမှာပဲ မောင်နဲ့ လေ့ကျင့်ခန်းလုပ်မလား ခင်ရွေးပေါ့ "
သူမကို မျက်စလေးပစ်ကာ ပြောလိုက်တော့...

"မောင်ကလဲ ဘေးမှာ မောင်တစ်ယောက်လုံးပါတာကို ဘယ်သူက ကြည့်ရဲမှာလဲလို့ "

"ဟ ... တဏှာရူးတွေက ကြည့်ကြမှာလဲ ခင် လူသတ်ပွဲမမြင်ချင်ရင် ခုသွားလဲလိုက် "
သူ့မိန်းမကို လာကြောင်သူတွေကို သူ့့စိတ်နဲ့ဆို ထသတ်မိမှာ အမှန်‌ပင် ...

"ဟင်း ... ပြီးရော ပြီးရော "
နှုတ်ခမ်းလေးဆူပြီး ဆောင့်အောင့်ကာ ထွက်သွားတဲ့ သူမကျောပြင်လေးကိုကြည့်ကာ လှမ်းပြောလိုက်တာက ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now