အပိုင်း (၇)

7.1K 108 2
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၇)
(မောင့်သက်လျာ Season 2)
🚨🚨🚨

"အမယ် သွန်း ပန်းတွေဘာတွေနဲ့ပါလား "

"ဟင် ... အင်း "

"ဘယ်လိုလဲ ညတုန်းက အခြေနေလေး "

"ဟင် ဘာကိုလဲ "

"ဘုန်းမင်းခန့် မနေ့ညက သွန်းတို့ အိမ်ရှေ့သီချင်းလာဆိုတယ်ဆို "

"ဟင်  ရတီက ဘယ်လိုလုပ်သိတာလဲ "

"ရတီ့ကောင်လေး လင်းခ ပြောပြတာလေ ... သွန်းဖေဖေ ထွက်ရိုက်လို့ ပြေးလာကြရတယ်တဲ့ ဟုတ်လား "
ရတီ ပြောနေရင်း ရယ်နေတော့သည် ...

"ဟီး ... ဟုတ်တယ် ဖေဖေက စိတ်တိုနေတာ "

"သွန်း သူ့ကိုပြန်ကြိုက်နေပြီလား "

"ဟာ ... ရတီကလဲ မကြိုက်ပါဘူး "

"ဟဲဟဲ အင်းပါ "
............
"ဟယ်လို "
ဘုန်းမင်းခန့် သူမဆီ ပုံမှန် ဖုန်းခေါ်နေကြမို့ သူမအထူးအဆန်းမဖြစ်တော့ပဲ ကိုင်လိုက်သည် ... သူနဲ့ဖုန်းပြောရတာလဲ သူမအတွက် ပျော်လာသလိုရှိသည် ...

"ဘာလုပ်နေလဲ "

"စာလုပ်ပြီး အိပ်ယာပေါ်မှာ ဖုန်းခနသုံးနေတာ ... ရှင်ရော "
သူမအိပ်‌ယာပေါ်မှောက်ရက်လေးလုပ်ကာ သူမရင်ဘတ်အောက် ခေါင်းအုံးလေးခုပြီး ခြေထောက်လေးမြှောက်ကာ ‌ဖုန်းပြောနေလိုက်သည် ...

"အွန်း ...ကိုယ်က ဆေးလိပ်သောက်နေတယ် "
ပြောနေရင်း သောက်လက်စဆေးလိပ်ကို တစ်ချက်ရှိုက်ဖွာလိုက်သည် ...

"ရှင် ... ဆေးလိပ်အရမ်းသောက်တာပဲနော် ... ဆေးလိပ်သောက်တာက ကျန်းမာရေး တအားထိခိုက်တာကို "
သူမ သူ့ကို စိုးရိမ်စွာ ပြောလိုက်သည် ...

"အင်း ... တကယ်လို့ မင်းသာ အဖြေပြန်ပေးမယ်ဆို ကိုယ်ဆေးလိပ်မသောက်တော့ဘူးလို့ ကတိပေးတယ် "
နီညိုရောင် နှုတ်ခမ်းလေးကို တွန့်ချိုးကာ ပြောလိုက်တော့ ...

"ဟင် ... ဘာဆိုင်လို့လဲ "

"ဆိုင်တာပေါ့ ... ခင်က လူ့အသက်တစ်ချောင်းမကယ်ချင်ဘူးလား ခင်က ကယ်တင်ရှင်ကြီး ဖြစ်မှာနော် ..."

"ဟင့်အင်း အဲ့တာတော့ ရှင်သက်သက်ညစ်တာလေ ... ရှင့်ဟာရှင် သောက်ချင်သောက်ပေါ့ "

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now