အပိုင်း (၃၂)

9.7K 80 0
                                    

🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၃၂)
(မောင့်သက်လျာ Season 2)
🚨🚨🚨

"ဟျောင့် ဒီအချိန်ဆို အဲ့ကောင်မလာတော့ဘူးနေမှာ "
ဘုန်းမင်းခန့် လာမယ်ထင်ပြီး ဆိုင်မှာ ကြိုစောင့်နေပေမယ့် ရောက်မလာပေ ...

"ဒီကောင် မဂ်လာဦးနေပြီနေမှာပေါ့ ..."

"ဟား ဒီတောင် မလာနိုငါ်တော့ဘူးနေမှာ ... ဖုန်းခေါ်ရအောင် "

"အေးခေါ်လေ ... မင်းပထွေး ဆဲသံလေးတွေ ထွက်လာမှာပေါ့ "

"ဟားဟား ... တကယ်ထွက်လာမှာရယ် ဒီကောင်ကြီးကိုလေ ငါတို့ထက်အရင် မိန်းမရလိမ့်မယ်လို့တောင် မထင်ထားဘူး ဒီတိုင်းပဲ စော်တွေကို အပျော်ပဲတွဲမယ်လို့ထင်ထားတာ "

"အချစ်လေကွာ ... အချစ်နဲ့တွေ့သွားတာ မင်းတို့လို စော်မရှိတဲ့ကောင်တွေကတော့ ဘယ်သိပါ့မလဲကွာ "

"ငလူး ... စော်လေးတစ်ယောက်ရှိတာကိုများကွာ ... စော်ကြောက်ကောင်ကများ ... "

"အဟက် အားကျရင် ကျတယ်ပေါ့ကွာ ... အားကျရင်လဲ မရှင်ငြိမ်း ကို မူမနေနဲ့ တော်ကြာ ‌သူများနောက်ပါသွားအုံးမယ် ..."

"ကျစ် "

ထုံးစံအတိုင်း ရှင်ငြိမ်းအကြောင်းပြောလိုက်တော့ တိတ်သွားပြန်သည် ...
............
"အဟက် "
ဘုန်းမင်းခန့် မျက်လုံးပွင့်လာတာနှင့် သူမ မျက်နှာလေး မြင်လိုက်ရတာကြောင့် ကြည်နူးမိသွားသည် ...
သူမက သူ့ရဲ့ တရားဝင်မယားဖြစ်သွားပြီတဲ့လား ... အတွေးလေးနဲ့တင် ပျော်ရွှင်မှုက တရစပ်ပင် ...

"မှ ..."
ဖြူဖွေးပြီး အပြစ်ကင်းစင်နေတဲ့ သူမ မျက်နှာလေးကို မွတ်သိပ်စွာ နမ်းရှိုက်သည် ...

"ဟင် ..."
ဘုန်းမင်းခန့် မျက်လုံးပြူးကာ လန့်သွားရသည် ...

"ဟာ ... ပူကျစ်နေတာပဲကွာ ... ခင် နေမကောင်းဘူးလား "
သူမ ပါးပြင်လေးတွေနဲ့ နှဖူးလေးတွေကို စမ်းလိုက်တော့ ရဲတွတ်ကာ ပူကျစ်နေလေသည် ...

"အဟင့် ... အင်း "
သူမထံမှ ငြီးသံလေးတွေပင် ထွက်နေ၏ ...

ဘုန်းမင်းခန့် ရေချိုးခန်းထဲ အပြေးသွားကာ ရေစိုအဝတ်လေးလုပ်ခဲ့ကာ သူမ နှဖူးပေါ် တင်ပေးလိုက်၏ ...
သူမကို သနားလည်း သနားမိသည် ...
ညတုန်းက အရှိန်မထိန်းပဲ စိတ်ရှိလက်ရှိ ကြမ်းချင်တိုင်းကြမ်းထားတဲ့ ကိုယ့်ကြောင့် ...
လည်ပင်းနဲ့ ရင်ဘတ်တွေမှာလဲ အမှတ်အသားတွေက မြင်လို့ပင်မကောင်း ပွစာကြဲနေသည် ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now