🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၃၃)
(မောင့်သက်လျာ Season 2)
🚨🚨"အင်း အဟင့် "
"ခင် နိုးလာပြီလား ... ဘယ်လိုနေသေးလဲ နာနေသေးလား ... ကိုယ်ပူတော့ ကျသွားပါပြီ "
သူမကိုယ်လေးကိုမပေးကာ ကျောနောက်မှာ ခေါင်းအုံးလေးခုပေးကာ မှီစေလိုက်သည် ..."ခင် ဘာစားချင်လဲ "
"မစားဘူး ..."
သွန်း မျက်စောင်းထိုးပြီး နှုတ်ခမ်းလေးစူထားလိုက်သည် ...
လုပ်တုန်းက လုပ်ပြီး ခုမှ လာဂရုစိုက်ပြနေတယ် ..."
မောင်တောင်းပန်ပါတယ် နောင်တစ်ခါကျ လျှော့မယ်နော် ...""ဘာ ... နင် နောက်တစ်ခါလုပ်ဖို့ စိတ်ကူးကိုရှိသေးတာလား "
"အဟက် ရှိတာပေါ့ဗျ "
"နင် သွားသွား နှာပူးကောင် ငါ့နားလာမကပ်နဲ့ "
........."ကျွန်တော် ကျောင်းဆက်မတက်တော့ဘူး အဖေ "
"ဘာကွ ... "
"ဟုတ်တယ် ကျွန်တော်ကို အဖေ့ ဟိုတယ်မှာ အလုပ်တစ်နေရာလောက်ပေးပါ "
သူမကို သူ တင့်တောင်းတင့်တယ် ထားနိုင်အောင် ကြိုးစားရမည် ..."မင်းက ဘာကိစ္စအလုပ်လုပ်မှာလဲ "
"ကျွန်တော် မိန်းမရပြီလေဗျာ ... အဲ့တော့ အလုပ်လုပ်ချင်တယ် "
"မိန်းမရတော့ရော မင်းတို့ကို ငါက မကျွေးနိုင်ဘူးထင်လို့လား "
"အဲ့လို မဟုတ်ဘူးလေဗျာ ... ကျွန်တော် ခင့်အတွက် အားကိုးရတဲ့ ယောက်ျားတစ်ယောက်ဖြစ်ချင်တယ် ... "
"မင်းကျောင်းပြီးမှဆိုလဲ နောက်မကျသေးဘူး ... ဘာကိစ္စ *င်ယားပြီး မိန်းမယူတာလဲကွ "
"ချစ်လို့ပေါ့ဗျ ... ဘယ်လိုပဲပြောပြော ကျွန်တော် အလုပ်လုပ်ချင်တယ် တကယ်လို့ အဖေက အလုပ်မပေးရင် သူများအလုပ်သွားလုပ်မယ် ... ကျောင်းကလဲ ပြီးတော့မှာပဲဟာ အပြင်ဖြေပြီး ဘွဲ့ယူတော့မယ် "
"အေးအေး အဖေစကားကို အဲ့လိုမြေဝယ်မကျ နားထောင်ကြားလား ..."
"ဟီး ... ဖေဖေကလည်းဗျာ ... အဲ့ဒါဆို ကျွန်တော့ကို အလုပ်ပေးမယ်မလား "
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Lãng mạn🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...