🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၂၇)
(မောင့်သက်လျာ Season 2)
🚨🚨🚨"မေမေ ကလဲဗျာ ဘာလို့ ခင့်ကို ထားခဲ့မယ်လို့ ပြောလိုက်ရတာလဲဗျ "
အိမ်ပြန်ရောက်တာ တစ်မိနစ်တောင်မပြည့်သေး လွမ်းနေရပါပြီ ..."သားကလဲ မထာစခဲ့လို့ရမလား သမီးလေးနဲ့ သားက မဂ်လာမှ မဆောင်ရသေးတာ နောက်ပြီး သူ့မိဘတွေလဲ သူ့သမီးလေးနဲ့ နေချင်အုံးမှာပေါ့ "
"လက်မှတ်ထိုးပြီးပြီလေဗျာ "
"ဟေ့ကောင် ငါလုပ်လိုက်ရ ... တော်တော်ဖြစ်နေတာလား ခိုးပြေးတာတောင် လွန်လှပြီ မင်းအရွယ်က မိန်းမ ယူရမယ့်အရွယ်လား ...
မိန်းမနဲ့ တစ်ပတ်လောက် ခွဲရမှာကို ဘာဖြစ်နေတာလဲ ""ဟာ အဖေကလဲ အဲ့လို မစာမနာတော့ မပြောနဲ့ဗျ ... အဖေတောင် အမေနဲ့ တစ်ပတ်မပြောနဲ့ တစ်ရက်တောင် ခွဲနိုင်လို့လား "
"ဟယ် ဒီကလေးကတော့ "
"ဟ တူမလားကွ ... ဟေ့ကောင် မင်းကို မိန်းမခိုးပြေးလို့ မဆုံးမရသေးဘူးနော် "
"ကျွန်တော်က အဖေ့စကားနားထောင်တာပါဗျ ... "
"ဘာကွ ..."
"ဟုတ်တယ်လေ ကျွန်တော်ငယ်ငယ်က အဖေပဲ ပြောခဲ့တာလေ ကောင်မလေးက ကိုယ့်ကို ပြန်မကြိုက်ရင် ကားတင်ပြေးဆို "
"ဘာ မင်း အဲ့စကားကျ ခုထိ မှတ်ထားတယ်ပေါ့ "
"ကျွန်တော်က ညဏ်ကောင်းတယ်လေ "
"ဒါနဲ့ နေပါအုံး ကိုယ့်ကို ပြန်မကြိုက်ရင် ကားတင်ပြေးဆိုတော့ ကောင်မလေးက မင်းကောင်မလေး မဟုတ်ဘူးပေါ့ "
ထိုအခါမှ ဘုန်းမင်းခန့် အကြပ်ရိုက်သွားရတာကြောင့် ...
"အော် အဖေ ကျွန်တော် ရေသွားချိုးတော့မယ်ဗျာ "
ပြောပြီးတာနှင့် အိမ်ပေါ်သာ ပြေးတက်ခဲ့လိုက်သည် ...
........"မေမေ သွန်း တောင်းပန်ပါတယ်နော် "
သွန်း မျက်ရည်ဝေ့နေသော မျက်လုံးများနှင့် သူ့အမေကို တောင်းပန်နေရှာသည် ..."အေးပါကွယ် ... သမီး ဖေဖေကတော့ တော်တော် စိတ်ဆိုးနေတာကွဲ့ ... ကောင်လေးကလဲ ဆိုးတော့ မဆိုးရှာပါဘူးကွယ် "
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Romance🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...