အပိုင်း (၁)

23.1K 152 2
                                    

Uni
🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၁)
(မောင့်သက်လျာ Season 2)
🚨🚨🚨

"ဟာ ဟျောင့် မင်းက နောက်ကျလိုက်တာကွာ မနေ့ကလဲမလာဘူး ဘယ်စော်နဲ့ သွားလိမ့်နေတာလဲ "
ဘုန်းမင်းခန့် ထိုင်တောင်မထိုင်ရ‌ေသး ဝင်လာလာချင်း မေးလာတဲ့ သူငယ်ချင်းဖြစ်သူ သန့်ဇင်လင်းအမေးကို မဖြေပဲ ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်ဘူးကိုထုပ်ကာ မီးညှိပြီးရှိုက်လိုက်သည် ...

"မဟုတ်ပါဘူးကွာ မနေ့က ဟိုကောင်တွေက ဘောလုံးပွဲလူလိုတယ်ဆိုလို့ သွားကန်ပေးတာ "

"အေးပါကွာ မင်းကို ယမင်းက လာမေးနေတယ် မင်းက ဖုန်းလဲ မကိုင်ဘူးဆို "
ယမင်းဆိုတာ ဘုန်းမင်းခန့် ပလေးနေတဲ့ ကောင်မလေးအများကြီးထဲက တစ်ယောက်အပါအဝင်ပေါ့ ...

"ဟုတ်တယ် စိတ်ရှုပ်လို့ တမင်မကိုင်တာ "

"ဟာ မင်းကလဲကွာ ကောင်မလေးသနားပါတယ်ကွ "

"သနားရင်လဲ မင်းယူလိုက်ပေါ့ကွာ "
ဘုန်းမင်းခန့်် ပါးတစ်ချက်ရွဲ့ကာ ပြောလိုက်သည် ...

"ဟ ဟိုက ငါ့ကိုမကြိုက်လို့ပေါ့ကွ ... မင်းမှမင်းဖြစ်နေတာလေ ဘာကြည့်ကြိုက်တာလဲမသိဘူး "

"ဟ ... ရုပ်ရှိရေလျှံလေကွာ စော်လေးတွေက အဲ့လိုဘဲဆို ပစ်ကြွေပစ်လိုက်တာကွ ... မကြွေတဲ့ဆော်မရှိဘူး ... အဲ့တော့ ငါလိုက်လို့မရတဲ့စော်ဆိုတာလဲ မရှိဘူး အဟက်"
ဝတ်ထားတဲ့ အကျီကော်လံထောင့်လကို ဟန်ပါပါမြှောက်ကာ မျက်ခုံး‌ေလးပင့်ရင်း ခပ်ကြွားကြွားပြောလိုက်သည် ...

"မေးမိတဲ့ ငါ့အမှား ဘဝင်လေဟပ်နေတာ "

"ဟပ်လို့ရလို့ ဟပ်တာပေါ့ကွ ... မတွေ့ဘူးလား မင်းတို့လိုက်ခိုင်းတဲ့မရနိုင်ပါဘူးဆိုတဲ့ အချေမမ မဒီကို ကိုတောင် ငါတစ်ပတ်တည်းနဲ့ လိုက်ပြခဲ့တာ မတွေ့ဘူးလား ..."

"အေးပါကွာ ဟုတ်ပါပြီ ... မင်းလိုက်လို့မရတဲ့ ကောင်မလေးတစ်ယောက်လောက်တော့ တွေ့ဖူးချင်တယ် ဘယ်လိုတွေ ဖျတ်ဖျတ်လူးနေမလဲဆိုတာ ..."

"ဟား ဟား ... စိတ်ချ ဘုန်းမင်းခန့် သမိုင်းမှာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးကွ ... အသည်းကွဲတာတို့ စော်ပြန်မကြိုက်တာတို့ဆိုတာ ဘုန်းမင်းခန်းဘဝမှာ ဘယ်တော့မှ ရှိမလာစေရဘူး "
သောက်လက်စ‌ စီးကရပ်ကို ရှိုက်ဖွာရင်း ပြောလိုက်သည် ...

second chance (ဒုတိယ အခွင့်အရေး)Where stories live. Discover now