🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) အပိုင်း (၉)
(မောင့်သက်လျာ Season 2)
🚨🚨🚨သွန်း ညနေထမင်းစားပြီးကတည်းက အခန်းထဲမှာ စာထိုင်လုပ်နေလိုက်သည် ...
ဖုန်းကိုတော့ စင်ပေါ်မှာ အားသွင်းထားလိုက်သည် ...
........
"ဟာကွာ ... ဒီကောင်မလေး ဖုန်းက မကိုင်ဘူး "
ဘုန်းမင်းခန့် ခနကတည်းက သူမဆီကိုပဲ ဖုန်းတွေ ဆက်တိုက်ခေါ်နေပေမယ့် မကိုင်ပေ ..."ဘာတွေများ လုပ်နေတာလဲကွာ ...ကျစ် "
ဘုန်းမင်းခန့် စိတ်မရှည်တော့ပဲ အခန်းထဲက ထွက်ကာ ကားသော့ယူပြီး အောက်ဆင်းလာလိုက်သည် ...ထို့နောက် သူ့ရဲ့ ကားအမဲလေးကို စက်နှိုးကာ သူမအိမ်ဆီ တရကြမ်းမောင်းထွက်လာခဲ့သည် ...
လမ်းမှာလဲ တစ်လျှောက်လုံးခေါ်နေပေမယ့် လုံးဝမကိုင် ..."ဒီကောင်မလေးကတော့ကွာ အပြစ်ပေးခံချင်နေပြီထင်တယ် "
အမြန်မောင်းလာတာမို့ သိပ်မကြာလိုက်ပဲ သူမအိမ်ရှေ့ ရောက်လာခဲ့သည် ...
ကားကို ဘေးကပ်ရပ်ကာ ကားပေါ််ကာ ဆင်းပြီး သူမအခန်းကို မော့ကြည့်လိုက်တော့ အခန်းက မီးလင်းနေသေးသည် ...
သူမ မအိပ်သေးဘူးပေါ့ ... ဒါဆို ဘာလို့ ဖုန်းက မကိုင်တာလဲ ...
သူဖုန်းထပ်ဆက်တော့လဲ မကိုင်သေးပေ ..."မရတော့ဘူး ... ဘုန်းမင်းခန့် စိတ်ကိုစမ်းနေတာပဲ ... အဟမ့်"
ဘုန်းမင်းခန့် အိမ်ထဲက အရိပ်အခြေကြည့်ကာ အုတ်တံတိုင်းပေါ် တက်လိုက်သည် ....
အိမ်ထဲသို့ ခပ်ဖွဖွ ခုန်ဆင်းကာ သူမအခန်းဆီသို့ ဦးတည်လိုက်သည် ...
သူမက အပေါ်ထပ်မှာမို့ ဒီတိုင်းတော့ သွားလို့မရတာကြောင့် သူမအခန်းဆီသွားဖို့ တစ်ခုခုကို မျက်လုံးဝေ့ကာ ရှာလိုက်သည် ...
တစ်နေရာအရောက် ဘုန်းမင်းခန့် အလိုကျစွာ နှုတ်ခမ်းတွေ တွန့်ကွေးသွားရသည် ...
တခြားတော့မဟုတ် သစ်ပင်နှစ်ခုကြားမှာ ထောင်ထားတဲ့ လှေကားရှည်တစ်ခုကြောင့်ဖြစ်သည် ...
သူလျှင်မြန်စွာ အဲ့လှေကားရှည်ကို သွားမလိုက်ပြီး သူမအခန်းပြတင်းပေါက်ဆီသို့ သွယ်တန်းကာ ထောင်လိုက်သည် ...
ထို့နောက် လှေကားကို အမှီပြုကာသူမအခန်းဆီသို့ ကျွမ်းကျင် ပိုင်နိုင်စွာ တက်သွားလိုက်သည် ...
သူမအခန်းပြတင်းပေါင်နားရောက်တော့ ပြတင်းပေါက်က ပိတ်ထားတာကြောင့် လက်သီးလေးစုပ်ကာ ပြတင်းပေါက်ကို မတိုးမကျယ်လေးခေါက်လိုက်သည် ...
YOU ARE READING
second chance (ဒုတိယ အခွင့်အရေး)
Romance🚬 Second Chance 🚬 (ဒုတိယ အခွင့်အရေး ) (မောင့်သက်လျာ Season 2) ဘုန်းမင်းခန့် 🚬 ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် မှားမိတဲ့ အမှားမို့ ဒုတိယ အခွင့်ရေးကို တောင်းဆိုပါရစေ ... ကိုယ့်ကို အဲ့လိုထားသွားဖို့တော့ မကြိုးစားပါနဲ့ဗျာ ... ပြောတော့ အရမ်းချစ်တယ်ဆို...