[ 63 ]

2.4K 340 8
                                    

Unicode

အပိုင်း - ၆၃

တကယ်တမ်း ဝမ်ကျားနင်နှင့် ကျန်းကျွင်းကို ညစာစားပွဲအတွက် ဖိတ်ထားခြင်းမရှိပေ။

ရင်းနှီးမြှုပ်နှံသူ၏ နာမည်က ဝမ်ဝမ့်ကျုံဖြစ်ပြီး ကျောက်ချင်၏ဦးလေးလည်း ဟုတ်သည်။ ကျောက်ချင်က ကျီမင်ချန်းဆီမှ အကူအညီကိုယူကာ ဤရိုက်ကူးရေးအဖွဲ့ထဲ ဝင်လာခြင်းပင်။ ကျီမင်ချန်းကလည်း လက်ထောက်ဒါရိုက်တာနှင့် ပင်း၍ သူမကို ဇာတ်ကောင်နေရာတစ်ခုပေးခဲ့သည်။ လုကျင်းလန်က အဓိကဇာတ်ကောင်အတွက် လျာထားသူများကိုသာ ကိုယ်တိုင်ကိုယ်ကျ အင်တာဗျူးခြင်းဖြစ်ကာ ကျန် အရံဇာတ်ကောင်များကိုမူ လက်ထောက်ဒါရိုက်တာ၏အဆုံးအဖြတ်နှင့် ရွေးထားခြင်းပင်။ သူ ဒါနဲ့ပတ်သက်လို့ သိပ်တော့ မရှင်းလင်း။

မည်သို့ဆိုဆို ကျီမင်ချန်းအတွက်လည်း ရွေးချယ်စရာမရှိ။ ရင်းနှီးမြှုပ်နှံမှုကောင်းဖို့ဆိုလျှင် တစ်ခါတစ်ရံမှာ ညှိနှိုင်းလိုက်လျောပေးလိုက်ရတာတွေ ရှိသည်မို့။ နောက်ပြီး ကျောက်ချင် သရုပ်ဆောင်ရမည့်ဇာတ်ကောင်က သိပ်အရေးမကြီး။ ဇာတ်ဝင်ခန်းလည်း များများစားစားမပါပေ။ ကျောက်ချင် သရုပ်ဆောင်မကောင်းခဲ့လျှင်တောင် ဇာတ်‌လမ်းအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိလောက်ပါ။

ကျောက်ချင် ပူဆာ၍ ဝမ်ဝမ့်ကျုံက လုကျင်းလန်ကို ညစာစားပွဲသို့ ဖိတ်လိုက်ခြင်း။

ရိုက်ကူးရေးအဖွဲ့ထဲ ရောက်တာကြာပြီမို့ အဖွဲ့ထဲမှာ လုကျင်းလန်၏စကားကသာ အတည်ဖြစ်မှန်း ကျောက်ချင် သိသည်။ ပရိုဂျူဆာတို့၊ ဇာတ်ညွှန်းရေးဆရာတို့ကို ရှာနေလည်း အပိုပင်။ သူမက ရည်ရွယ်ချက်ရှိရှိကို သူမ၏ဇာတ်ဝင်ခန်း ဒီထက်များလာအောင် ကြံနေတာဖြစ်သည်။ လုကျင်းလန်ကို ချဉ်းကပ်ကြည့်ပေမယ့် မအောင်မြင်။ သို့အတွက် သူမ၏ ဦးလေးကိုပဲ အပူကပ်ရတော့သည်။

ဇာတ်ကားနောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူတစ်ဖြစ်လဲ ဝမ်ဝမ့်ကျုံကိုယ်တိုင် ဖိတ်ထားသည်မို့ လုကျင်းလန် ထိုညစာစားပွဲကို မသွားလို့မရပေ။ သို့သော် သူ ထိုပွဲသို့ တစ်ယောက်တည်း မသွားချင်တာမို့ ကျီမင်ချန်းကိုခေါ်ကာ ဝမ်ကျားနင်နှင့် ကျန်းကျွင်းကိုပါ တစ်ခါတည်း ခေါ်လာခိုင်းလိုက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now