Part. 2 (Zawgyi)

961 19 0
                                    

မေမေ က ပက်လပ်ကုလားထိုင်လေးတွင် လှဲထိုင်နေပြီး ခင် ဝင်လာတာကိုတွေ့သည်နှင့် လှဲနေရာက ထလာတော့သည်၊

'သမီး....လာ ထိုင်'

ခင် မေမေဘေးက ကျွန်းထိုင်ခုံ အသေးလေးတွင်ဝင်ထိုင်လိုက်သည်။

'မေမေ  ခင့် ကိုပြောစရာရှိလို့လားဟင်'

ခင့် ကိုပဲကြည့်နေပြီးမည့်သည့်စကားမှမဆိုသည်မို့ ခင်မေးလိုက်သည် မဟုတ်လည်း ခင်တို့သားအမိက ပြောစရာစကားရှိမှ ခေါ်ပြောကြသည်မို့လား။

'အင်း.... မေမေ သမီးကို အိမ်ထောင်ချပေးချင်လို့'

'.........'

'သမီး သူ့ကိုသိပါတယ် .. သမီးသူငယ်ချင်းထွန်းမောင်လေ'

'ဟင်..... သူပြန်လာပြီလား'

ထွန်းမောင်ပြန်လာပြီတဲ့လား ထွန်းမောင်ဆိုသည်မှာ ခင့် ငယ်သူငယ်ချင်း ကျောင်းနေဘက်ပင်၊ ခင်နှင့် အသက် ၁၈ နှစ်လောက်မှ ကွဲကွာသွားကြသည်  ထွန်းမောင်ကို သူ့မိဘတွေက ဘိလပ်ကို ပို့လိုက်ကြသည်လေ။

'အင်း...မနေ့က ဖုန်းဆက်တယ်....သမီးကို လက်ထပ်ချင်ကြောင်းလဲ ပြောလာတယ်'

'............'

'ခင် တွေ့လိုက်ပေါ့မယ် မေမေ'

ခင် ခေါင်းလေးအောက်ငုံကာ  အလိုက်တင့်ပြောလိုက်သည်၊
မေမေ အခန်းထဲမှထွက်ကာ လှေကားအစနားက အခန်းလေးထဲကိုဝင်လိုက်သည်၊ အခန်းထဲက အိပ်ယာအကျယ်ကြီးပေါ်သို့လှဲချပစ်လိုက်ပြီး မျက်လုံးတွေကို မှိတ်ချလိုက်တော့သည်၊
ခင် ထွန်းမောင်ကို သဘောမကျ ပြီးတော့ သူငယ်ချင်းတွေလေ  မချစ်မနှစ်သက်တဲ့လူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ရမှာက ခင့် အတွက် အဆင်မပြေလှသလို ဘယ်သူ့မှအဆင်ပြေတာမတွေ့ဖူး၊

"ဒေါက်   ဒေါက်  ဒေါက်" (တံခါးခေါက်သံ)

တံခါးခေါက်သံကြောင့် လှဲနေရာမှ ဆက်ခနဲ ထထိုင်လိုက်ကာ တွန့်နေတဲ့ အင်္ကျီရဲ့အနားသားလေးကို ဆွဲကာ ပြန့်အောင်လုပ်လိုက်သည်၊

'ဟုတ်ကဲ့......တံခါးသော့မခက်ထားပါဘူး'

ခင့် စကားအဆုံး အလုပ်သမလေးတစ်ယောက်က အခန်းတံခါးကိုတွန်းဖွင့်လာသည်၊

မျက်သွယ် (Completed)Where stories live. Discover now