Part.9 (Zawgyi)

316 16 0
                                    

'ဟိတ်....'

ခင် နား နားကပ်ကာ ခေါ်လိုက်သည်မို့ ခင် ဆက်ခနဲတောင် တုန်တက်သွားရသည် ၊ ခင် လှည့်ကာ ကြည့်လိုက်တော့သည်။

' ဒီစာအုပ်တွေ ဖတ်မယ့်အစား မောင့် ရင်ထဲက ချစ်စကားတွေ ဖတ်ချင်လား မောင့်မျက်သွယ်လေး'











ခင် ထိုလူ နှင့် ကြာလျှင် နှလုံးရောဂါတောင်ရနိုင်ပေမည်၊ခင် ကို အလန့်တကြားဖြစ်အောင်လုပ်နိုင်လွန်းလှသည်၊

' ဒီမှာ တင့်ထင် ကျွန်မ က စာအုပ်ဖတ်ချင်လို့ ရှင်ပြောတဲ့စာအုပ်တော့ ကျွန်မ ဖတ်ဖို့စိတ်ကူးက ယောင်လို့တောင်မရှိတာ နားလည်ထား'

'အတည်ကြီးပဲ....'

'ပြီးတော့...ရှင်.... ကျွန်မ နဲ့ ဝေးဝေးနေပါ'

ခင် ပြောပြီးသည်နှင့် လှည့်ထွက်မည်အပြု ထိုလူမှ ခင့် လက်ကောက်ဝတ် ကိုဆွဲကာ ခင့်ကိုပြန်လှည့်စေပြီး စာအုပ်စင်တွင်ကျော ကပ်လိုက်တော့သည် ထိုလူက စာအုပ်စင်ကို လက်ထောက်ကာ ခင့် ကိုငုံကြည့်လာသည်၊ခင်  စာအုပ်စင်နှင့် ထိုလူ ကြားထဲ  ညပ်ကာ ထွက်စရာနေရာမရှိအကျပ်အတည်းအခြေအနေဖြစ်သွားရတော့သည်။

'ဘာလုပ်တာလဲ ....ဖယ် .လွှတ်..'

ထိုလူ ရင်ဘတ်ကြီးများကို ထုရိုက်ကာ အတင်းတွန်းဖယ်နေပြီး ထိုလူနှင့်ဝေးရန်ကြိုးစားနေတော့သည်။

'ငြိမ်ငြိမ်နေ...'

ရူးနေလို့ ငြိမ်နေရမည်လား သိတာမှ အချိန်ဘယ်လောက်မှမရှိတေးသည့် လူတစ်ယောက်နှင့် နီးနီးကပ်ကပ် နေနေသည်မှာ သူများမြင်ရင်လဲ မတင့်တော်သလို ခင် အတွက်လဲ အဆင်မပြေ ၊ ထိုလူပြောသည်ကိုမကြားသည့်အတိုင်း ခင့် ကတော့ ထုရိုက်ကာ လွှတ်လမ်းရှာနေဆဲပင်၊ မည်မျှပင် အားကုန်ထုရိုက်နေပါစေ ထိုလူကတော့ ကျောက်ကန်ထားသည့်အလား တုတ်တုတ်မှလုပ်မလာပဲ
ခင့် ကိုတာ စိုက်ကြည့်နေသည် ဘေးသီဝဲ
ကြည့်လိုက်သော်လည်း  အလုပ်သမားတန်းလျားပေမို့ မနက်စောစောမို့ လူသွားလူလာမရှိ။
မလွှတ်နိုင်မှန်းသိသည်နှင့် ခင် ထိုလူ တင့်ထင် မျက်နှာကို တည့်တည့်ကြည့်ရင်း

'ဒီမှာ တင့်ထင်...ကျွန်မကို ရှင် သဘောကျမကျ ကျွန်မ မသိဘူး...ပြီးတော့ ကျွန်မက မကြာခင် အိမ်ထောင်သည် မိန်းမတစ်ယောက်ဖြစ်တော့မှာမို့ ဘယ်သူ့ဘယ်သူတွေစီကမှ အတင်းအဖင်းလဲ မကြားချင်တာမို့ ....
ဒီလို လုပ်ရပ်တွေကို မလုပ်ပါနဲ့'

မျက်သွယ် (Completed)Where stories live. Discover now