Part.13 (Unicode)

1.1K 55 0
                                    

ထွန်းမောင်ရဲ့ဂျစ်ကားလေးက အိမ်ရှေ့တွင် ရပ်သွားတော့ခင် ကားပေါ်က ဆင်းကာ အိမ်ထဲကို ဝင်လိုက်တော့သည် ထွန်းမောင်ကလည်း ခင့်အနောက် လိုက်လာခဲ့သည်၊ အိမ်ထဲကဧည်ခန်း ကိုရောက်သည်နှင့် မေမေ့က ဧည့်ခန်းထဲက ကျွန်းထိုင်ခုံတွင် ထိုင်နေသည်ကိုတွေ့လိုက်သည်၊

'သမီး...ထိုင်ပါအုန်း..'

ခင် မေမေနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့ထွန်းမောင်ကလည်း ခင့်ဘေးကခုံတွင် ထိုင်လာသည်၊

'ထွန်းမောင်....မနက်ဖြန် ဘိလပ်ပြန်မယ်တဲ့...'

ခင် ထွန်းမောင်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ထွန်းမောင်က ပြုံးပြကာ ခေါင်း
ငြိမ့်လာသည်။

'ဟုတ်..မေမေ'

'အဲ့တော့...ဘိလပ်မှာ တစ်လလောက်ကြာမယ်တဲ့.....ထွန်းမောင်ဘိလပ်က ပြန်လာရင် သမီးတို့ မင်္ဂလာပွဲကိုလုပ်စေချင်တယ်..'

'.....'

ခင် တစ်ကိုယ်လုံးပူထူသွားရသည် ဘာလို့ အဲ့လောက်မြန်မြန်ကြီးတုန်း ခင်ခေါင်းငုံကာ တွေးနေတုန်းမေမေက ခေါ်လာသည်၊

'သမီး...'

'ဟုတ်...'

'...လက်ခံတယ်မလား..'

ခင် မေမေ့ကိုကြည့်နေရင်း ထွန်းမောင်ကို ပြန်လှည့်ကြည့်လိုက်သည် ၊ ထွန်းမောင်က ပြုံးနေပြီး ခင့်လက်ကို ဆုပ်ကိုင်လာသည်၊

'ခင်..ပြောလိုက်လေ...'

'အင်းပါ..'

ခင် ထွန်းမောင် ဆုပ်ကိုင်ထားသည့်ခင့်လက်ကို ငုံကြည့်နေရင်း ပါးစပ်ထဲက ခက်ခက်ခဲခဲ စကားလုံးကို ဆွဲထုတ်လိုက်ရသည်၊ ခင့် လက်ကို ဒီလောက် တင်းတင်းကျပ်ကျပ်ကြီးဆုပ်ကိုင်ထားစရာလိုလို့လား၊
ထိုအခါ မှ​မေမေကလည်း ပြုံးပြလာသည်၊

'အင်း..အဲ့တာဆို မေမေ ထွန်းမောင်အဖေ့ကိုပြောလိုက်တော့မယ်နော့်... ရက်ကောင်းလေးရွေးထားပါတော့လို့..'

'ဟုတ်..'

ထွန်းမောင်ကိုင်ထားသည့် ခင့်လက်ကို အသာရုန်းလိုက်ပြီး ထရပ်ကာ

'​မေမေပြောစရာမရှိရင်...ခင် နားတော့မယ်လေ..'

'အေးအေးဟုတ်ပြီသမီး...'

မျက်သွယ် (Completed)Where stories live. Discover now