"ဒေါက် ဒေါက် ဒေါက်" ( တံခါးခေါက်သံ)
'မမလေး....'
ခင် ပန်းမှုံ အသံကြောင့် အိပ်ယာမှထကာ ခင့်လက်ထဲက တင့်ထင် ထည့်ပေးလာသည့်ပုလဲများကို အံဆွဲထဲ ထည့်ကာ တံခါးကိုပြေးဖွင့်လိုက်တော့သည်။
'အင်း....'
'ဟို ...အောက်မှာ အကိုထွန်းမောင်ရောက်နေတယ်....'
'အာ..... ခင် လိုက်ခဲ့မယ်'
'ဒါနဲ့ ...မမလေး အဆင်ပြေလား ...အဲ့လူ မမလေးကို တစ်ခုခုပြောလို့လား..'
'ဘာမှမဟုတ်ပါဘူး....လာ ...သွားရအောင်'
ခင် ဧည့်ခန်းထဲတွင် ထိုင်နေသည့် ထွန်းမောင်ကိုတွေ့လိုက်သည်၊ထွန်းမောင်က ခင့် ကိုတွေ့သည့်နှင့် ထိုင်ရာမှ ထလာပြီး ခင့် စီလျှောက်လာကာ ခင့် နဖူးပေါ် လက်တင်ပြီး အပူစမ်းသလိုလုပ်နေသည် မို့ ခင် ထွန်းမောင်လက်ကို တွန်းဖယ်လိုက်သည်။
'ဘာလို့လဲ ထွန်းမောင်'
'အဘွားနန်းက ခင် နေမကောင်းဘူးဆိုလို့'
'ခင် .. နေကောင်းပါတယ် ...'
ခင် ကျွန်းခုံ တွင် ထိုင်လိုက်ပြီး ထွန်းမောင် ကိုပြန်ဖြေလိုက်သည်။
' ကြီးကြီး ခင်နေကောင်းပါတယ်နော် ...မေမေ့ကို လဲပြောမနေနဲ့အုန်းနော် '
'ကြီးကြီး လဲ မသိဘူးလေအေ သမီး မျက်နှာက တအားနင်းကန် ရဲနေလို့ နေမကောင်းဘူးထင်တာကွယ်'
'အင်း..ပါ ... ထွန်းမောင်အတွက် ကော်ဖီလေးချပေးပါအုန်းကြီးကြီး'
ကြီးကြီး မှ ထွန်းမောင်အတွက် ကော်ဖီတစ်ခွက်ချပေးလာသည် ၊ ထို ကော်ဖီခွက်ကို ထွန်းမောင်ဘက်ကို တွန်းပို့ကာ ထွန်းမောင်ကို ခင်မေးလိုက်သည်။
'ထွန်းမောင် ဘာကိစ္စရှိလို့လဲ'
'ဒီတိုင်းပါ......'
'ခင် .. အဒေါ်စီ သွားလည်အုန်းမလား'
'ရတယ် မလည်ချင်တေးဘူး ...ခင် ဒီနေ့ မအားလို့..'
လုံးဝ ဆန်စက်ကို သွားလို့မဖြစ်သေး အတက်နိုင်ဆုံး ဝေးအောင် ရှောင်ရမယ် ။
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19