ထမင်းဆိုင်လေးကိုရောက်နှင့် အုပ်စောင်းဖုံးထားသည့်ထဲက ဟင်းတွေကို လှန်ကာ ရွေးနေတော့သည်၊
'ကျုပ်ကို ထမင်းဖြူ တစ်ပွဲနဲ့ ငပိရည်ကြိုနဲ့တို့စရာ အစုံထည့်ပေးပါ'
ခင် ကတာ ဟင်းတွေကို ရွေးနေပေမဲ့ ထိုလူက ရောက်ရောက်ခြင်းဘာမှရွေးမနေပဲ တန်းမှာလိုက်သည်။
'ဒီက သူဌေးမလေး ရွေးမြန်ဆိုမြန်မြန်ရွေးချေ'
'အို...ရှင့်ကို ဘယ်သူက စောင့်ခိုင်းလို့တုန်း '
'ကျုပ်က စိတ်မချလို့'
ခင် တင့်ထင်နှင့်စကားပြောမနေတော့ပဲ ထမင်းဖြူတစ်ပွဲ၊ ကြက်သားချက်နှင့်အချဥ် ဟင်းရည် တစ်ပွဲသာ ရွေးလိုက်တော့သည်၊
ကြွပ်ကြွပ်အိတ်လေးနှင့်ထည့်ပေးလာသည်ကို လှမ်းယူလိုက်ပြီး ပိုက်ဆံရှင်းကာဆိုင်ထဲက ပြန်ထွက်လာလိုက်တော့သည်။'ပေး...ကျုပ်ကို...'
ခင့် လက်ထဲက ဟင်းထုပ်များကို တင့်ထင်က ဆွဲကာ ယူသွားတော့သည် ၊ ခင် လိုက်ဆွဲကာတားနေရင်လဲ အချိန်ကုန်သည်သာ ရှိမည် ၊တင့်ထင်က ပြန်ပေးမှာမဟုတ်သည်ကို ခင် သိသည်မို့ ပြန်တောင်းမနေတော့ပဲ သူ့ကိုသာ ဆွဲခိုင်းလိုက်တော့သည်၊
စက်ရုံ ဝန်းထဲရောက်သည်နှင့် သူက ခင့် အထုပ်များကိုပြန်ပေးကာ စက်ရုံ အနောက်ပေါက်မှ ဝင်သွားတော့သည်၊ ခင် လည်း အထုပ်များကိုကိုင်ရင်းအရှေ့ဘက်မှ ဝင်ကာ ဒေါ်လေးစီ သွားတော့သည်။'အော...ခင်လေး ရလာလား...'
'အင်း...ကြက်သားချက်နဲ့ အချဥ်ဟင်းရည်ပဲ ဝယ်ခဲ့တယ်'
'ခင်လေးအဆင်ပြေရင် ပြီးတာပဲ ...လာလာ ထမင်းစားရအောင်'
ခင့် ထမင်းချိုင့်လေးကိုဖွင့်လိုက်သည် ထမင်းနှင့် ငါးကြော် ကြက်ဥကြော်လေးတာ ထည့်လာသည်ကိုဒေါ်လေးကို ဦးချ ထည့်ပေးရင်း နေ့လည်စာအတွက်ဗိုက်ဖြည့်လိုက်တော့သည်၊
နေ့လည်စာစားပြီးသည်နှင့် ချိုင့်နဲ့ ပန်းကန်တွေကို ယူရင်း ဆေးဖို့ စက်ရုံအနောက်ဘက် ကိုသွားလိုက်တော့သည်၊
ထုံးစံတိုင်းအလုပ်သမားများဝိုင်းဖွဲ့ကာ ထမင်းစားနေကြသည်၊ အလုပ်သမလေးတစ်ယောက်ကလည်း ခင့်ကိုတွေ့သည့်နှင့် ခင့် လက်ထဲက ပန်းကန်တွေကို လာယူတော့သည်။
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19