Part.4 (Unicode)

1.7K 67 0
                                    

' ခင် လည်း လန့်သွားတာရယ်.....မသိတဲ့လူက ရုတ်တရက်ကြီး ဆိုတော့'

'ခင်ဗျား စျေးခြင်းက အလေးကြီးကြောင့်ပါ...ဒါနဲ့......ခင်ဗျားက ဒီကို ဘယ်လိုရောက်လာတာလဲ'

'ခင့် အဒေါ်စီလာတာ .......ရှင်သိမှာပါ ဒေါ်သန္တာမြတ်မိုးလေ...'

'အော်...နွားခလောက်အကြီးကြီး ဆွဲထားတဲ့ မိန်းမကြီး...သိတာပေါ့...ကျုပ်တို့အလုပ်ရှင်ကိုး..'

'ဟင် ...ဘာကို နွားခလောက်တုန်း'

'သူ့ လည်ပင်းက ဟာကိုပြောတာ'

ခင် ကြောင်အ သွားရတော့သည်ဒေါ်လေးက နွားခလောက်မဆွဲပါဘူး။

''ရွှေဆွဲကြိုးကိုပြောတာပါဗျာ.....ခင်ဗျားရယ်'

'ရွှေကို ဘယ်က နွားခလောက်တုန်း'

'အလေးကြီးလေဗျာ  ဆွဲလိုက်ရင် လည်ပင်းကြီးကိုင်းကျလာတက် လို့ နွားခလောက်လို့ပြောတာ ..'

ပေါက်ပေါက်ရှာရှာ ရွှေဆွဲကြိုး ကို
နွားခလောက်  သူပြောပုံအတိုင်းတာဆို လူကနေ နွားပြောင်းရချေရဲ့ဒေါ်သန္တာ ရဲ့
ရွှေဆွဲကြိုးကလည်း သေးသေးလေးမဟုတ် အကြီးကြီးကို ပြောတဲ့လူကလည်းပေါက်ပေါက်ရှာရှာပြောတက်လိုက်တာနော်။

'ခင်....!'

'အော်....ထွန်းမောင်'

'လာ.... ထမင်းစာဖို့အကုန်ပြင်ပြီးပြီး'

'အင်း ...လာမယ်'

'.......'

ထွန်းမောင် က တင့်ထင်ကို ခေါင်းစခြေဆုံးကြည့်ပြီးခပ်ရွဲ့ရွဲ့ပြုံးနေသည် ကို ခင် တွေ့လိုက်သည်မို့ တင့်ထင်ကိုအားနာသွားရသည်၊

'အကို ထင် သွားလိုက်ပါအုန်းမယ်'

'....အင်...'

ထွန်းမောင်နဲ့အတူ စက်ရုံရှေ့ဘက်ကို ပြန်လာခဲ့လိုက်သည်၊
တင့်ထင် နာမည်ကတော့ ခပ်ဆန်းဆန်းပဲလူကလဲ ဆန်းသား ထူးထူးဆန်းဆန်းတွေပြောတက်လွန်းလှတဲ့လူပဲ ခင် တွေးမိကာပြုံးနေသည်၊

'..ခင် ဘာတွေသဘောကျနေတာလဲ'

'ဒီတိုင်းပါ .....ဒေါ်လေးစောင့်နေပြီ သွားမယ်လေ '

မျက်သွယ် (Completed)Where stories live. Discover now