Part.8 (Zawgyi)

350 16 0
                                    

ခင် တစ်ယောက် သုံးဆင့်ချိုင့်ထမင်းချိုင့်လေးကို လက်က ဆွဲထားရင်း အိမ်​ရှေ့ ခုံတန်းလေးတွင် ထိုင်နေသည်၊
မနေ့က မေမေ ပြောသည့် အလုပ် ကိုသွားရန် ပြင်ပြီးသွားမည် လုပ်တော့လဲ မေမေက ထွန်းမောင် လာခေါ်မယ်ဟုဆိုသည်ကြောင့် အိမ်ရှေ့ထွက်ကာ ထိုင်စောင့်နေခြင်းပင်၊
အရှေ့ကြည့်လိုက်အနောက်ကြည့်လိုက်နှင့် ခင် တစ်ယောက် နှုတ်ခမ်းလေးဆူကာ မျက်ခုံးတန်းလေးမှာလည်း တွန့်ချိုးနေရတော့သည်၊
အရှေ့လမ်းမကြီးအတိုင်းတန်းတန်းမှတ်မှတ် လာနေသည် ဂျစ်ကား လေး ၊ထွန်းမောင်ရဲ့ကားဖြစ်သည်၊ခင့်  ဘေးတွင့် ဂျစ်ကားလေး တုံ့ခနဲ့ ရပ်သွားကာ

' ခင်....စောင့်နေတာကြာပြီလား...အိမ်ထဲကနေ စောင့်တာမဟုတ်ဘူးကွာ'

'အဆင်ပြေတယ်.....'

ကားတံခါးကိုဖွင့်ပြီး ကားပေါ်တက်ထိုင်ကာ ခင် တိုတိုတုတ်တုတ်တာ ပြန်ဖြေလိုက်တော့သည်၊ထွန်းမောင်ကလည်း ခင့် မျက်နှာကိုကြည့်ရင်း

'ခင် ...တစ်ခုခုဖြစ်လို့လား'

' ခင် ကိုဒေါ်လေးစီတာ ပို့ပေးပါ!'

ခင် ဘောက်ဆက်ဆက်နှင့်ပြောလိုက်သည်မှ ဂျစ်ကားလေးကလည်း ခင့် အိမ်ရှေ့က ရွေ့တော့သည်၊ ဆန်စက်ရုံသွားတဲ့ လမ်းတလျှောက်လုံး ခင် ကလည်းစကားမစမိ ထွန်းမောင်လည်း ထပ်မပြောတော့ပေ၊
ဆန်စက်ရုံရှေ့ရောက်သည်နှင့် ခင် ကားပေါ်မှဆင်းလိုက်သည်။

'ညနေ အပြန် ခင့်ကို လာမကြိုပါနဲ့ ...ခင့်ဟာခင် ပြန်နိုင်ပါတယ်....ပြီးတော့ ထွန်းမောင် မေမေ ပြောသမျှလဲ လိုက်ပြီးလုပ်မနေနဲ့'

ထိုသို့ပြောပြီး ခင် လှည့်ကာထွက်လာခဲ့လိုက်တော့သည်၊ခင် ထွန်းမောင်ကို စိတ်တိုသည်လဲမဟုတ်ပေ ထွန်းမောင်က မေမေပြောသမျှကို လိုက်လုပ်နေတာ မေမေနဲ့ထွန်းမောင်နဲ့​ပေါင်းပြီး ခင့် ကို ထိန်းချုပ်နေသည်မှာ ခင် အဆင်မပြေသလို ခင် ကြိုက်လဲမကြိုက်။

' ခင်လေး.....အမလေး ဘယ်လိုဖြစ်လာတုန်း'

ခင် မျက်နှာ မှာ ရွှင်ရွှင်ပြပြဆိုသည်မှာမရှိ
မှုန်ကုတ်ကုတ် ဖြစ်နေသည်မို့ ဒေါ်လေးမှ မေးလာသည်။

မျက်သွယ် (Completed)Where stories live. Discover now