ခင် ဒီနေ့ အစောကြီးအိမ်ပြန်ရောက်နေသည်၊
မေမေကလည်း မနက်က ခင်အစောကြီး ထွက်သွားသည့်ကိစ္စနှင့်ပတ်သတ်ပြီးဘာစကားမှပြောမလာသည်မို့ ခင် စိတ်အေးလက်အေးဖြစ်နေရသည်၊ ညစာ ကို မေမေနှင့် စောစော စားဖြစ်ခဲ့ကြသည်၊ဒါပေမဲ့ ထုံးစံအတိုင်းဘာမှတော့သိပ်မပြောဖြစ်ခဲ့ကြပေ၊ ထမင်းစားဝိုင်းသိမ်းသည်နှင့်မေမေကဉီးစွာ အိမ်ပေါ်ထပ်က ဘုရားခန်းစီသွားခဲ့သည်ကြောင့် ခင် လည်းနောက်ကလိုက်၍ အခန်းထဲ ဝင်သွားလိုက်တော့သည်၊ ညအိပ်ဝတ်
မည့်ပေါ့ပေါ့ပါးပါးရှိသည့် လုံချည်ကိုထုတ်ကာဝတ်လိုက်ပြီး အခန်းပြတင်းပေါက်ပေါ် မေးတင်လက်ထောက်ကာငေးနေပြီးရေဒီယိုတစ်ဂျစ်ဂျစ်မှ သီချင်းသံလေးကလည်းပျံလွှင့်လျက်ပေါ့၊'ဟန်ဆောင်ကာမှုပိုရုန်းတော်မှုနဲ့ပျို ပန်းနွယ်မျိုးဟာလက်ဆိပ်တိုးရင် ညိုးမှာစိုးရသလို...'
ခင် ဒီနေ့တော့ တင့်ထင်စက်ဘီးနောက်က လိုက်ပြီးမပြန်ဖြစ်ခဲ့သလို တင့်ထင်က လည်း ခင့်ကိုမစောင့်ပေ၊ ခင် က တင့်ထင်ကိုစောင့်တေးသည် ကိုယ်တော်ချောက ခင့်ကိုမမြင်သလိုလုပ်ပြီးရှေ့ကနေစက်ဘီးခွကာ စီးထွက်သွားသည်မို့ ခင် လည်း အော်မနေပဲ ကိုယ့်ဟာကိုယ် ပြန်လာခဲ့လိုက်သည်၊
ခင် တွေးနေရင်းမကြာ ခြံရှေ့ညောင်ပင်ကြီးရှေ့မှာစက်ဘီးကိုရပ်ကာ ခင့်ကို လက်ဝှေ့ယမ်းပြနေသည့်တင့်ထင်ကို တွေ့လိုက်ရသည်ကြောင့် ခင် အံ့သြသွားရပြီး မျက်လုံးတွေကိုတောင် လက်နှင့်ပွတ်သပ်ကာပြန်
ကြည့်မိလိုက်တော့လဲ တင့်ထင်မှ တင့်ထင် ၊
ခင် အပေါ်ခြုံတပတ်အပါးလေးကို ပတ်ကာခြုံလိုက်သည် အခန်းထဲကနေ အသာလေးထွက်လာပြီး ခေါင်းလေးကလည်း ရှေ့ကြည့်နောက်ကြည့်နှင့်ပင် ခင်ပုံစံကပစ္စည်းခိုးဖို့ပြင်နေတဲ့သူခိုးတစ်ယောက်ပုံစံနှင့်တူသည်၊အောက်ထပ်တွင်လည်း ကြီးကြီးမရှိသည်မို့ ခင် ထမိန်လေးမှကာ ခြေတံသွယ်သွယ်လေးများက ခပ်သွက်သွက်ကလေးလူပ်ရှားလိုက်တော့သည်၊'ဘာတုန်း..တင့်ထင်..ရှင်ကဘယ်လိုရောက်လာပြန်ရတာတုန်း...'
ခင် အိမ်ထဲကနေထွက်ခဲ့ပြီး ခြံတံခါးအမြင့်ကိုအသာလေးတွန်းဖွင့်လိုက်သည် အိမ်ရှေ့ညောင်ပင်အောက်က ကွပ်ပစ်တွင်ထိုင်နေတဲ့ တင့်ထင်ကို ခင် အမောတကောနှင့်ပြောလိုက်သည်၊
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19