စက်ဘီးလေးက တင့်ထင်ရဲ့အိမ်ရှေ့တွင် ရပ်သွားတော့သည် ခင် စက်ဘီးပေါ်ကဆင်းကာ တင့်ထင်ကို ကြည့်လိုက်တော့ တင့်ထင်က အိမ်ထဲကို မျက်စိပစ်ပြသည်ကြောင့် ခင် အိမ်ထဲ ကြည့်မိလိုက်တော့ အိမ်အပုလေးရဲ့အပေါ်ထပ် လေးတွင် ထိုင်ကာ ကြည့်နေတဲ့ တင့်ထင်ရဲ့အမေ ဒေါ်ရီရီဝင်းကိုတွေ့လိုက်ရသည်၊
'မင်္ဂလာနံနက်ခင်းပါ အဒေါ်..'
တင့်ထင်က စက်ဘီးကို ခြံပြင်တွင်သာ ဒေါက်ထောက်ကာ ရပ်ထားပြီး ခင် နဲ့အတူတူအိမ်ထဲကို ဝင်လာသည်၊
'အေး...မနက်စာစားမလား...'
'ဟုတ်...အဒေါ်အဆင်ပြေရင် စားပေါ့မယ်'
'ကျုပ်က ဘာလို့အဆင်မပြေရမှာတုန်း..'
'ရှင်..မဟုတ်ပါဘူး စားမှာပါ..'
တင့်ထင်အမေက ခင့်ကို လက်ယှက်ခေါ်နေသည်မို့
ခင် အိမ်ပေါ်ထပ်တက်သည့် လှေကားအသေးလေးကနေတက်လိုက်ပြီး အဒေါ်ဘေးနားကိုထိုင်လိုက်သည်၊'ညည်းမိဘတွေက ဘယ်သူတွေတုန်း...'
'..ဒေါ်ခင်မြတ်မေ နဲ့ ဉီးထွန်းမြိုင် ပါအဒေါ်..ဖေဖေနဲ့အမေမေကတော့ ကွဲသွားပြီ..အခုမေမေနဲ့နေတယ် အဒေါ်..'
'အော်..'
'ဒေါ်လေး ...ဘာလို့တုန်း...'
ခင် ဒေါ်လေးရဲ့ မျက်နှာကို အကဲခတ်ကြည့်ရင်းပြောလိုက်သည်၊
'ထားပါတော့..သိချင်လို့မေးတာ..ထမင်းသွားပြင်ချေတော့...'
ခင် အဒေါ်ရှေ့က ထ ထွက်လာပြီး မီးဖိုခန်းတွင် ထမင်းပန်းကန်တွေနှင့် အလုပ်ရှုပ်နေ
သည့် တင့်ထင် စီသွားလိုက်တော့သည်၊ မီးဖိုခန်းလေးက ကျဉ်းပေမဲ့ သပ်သပ်ရပ်ရပ်ကလေးနှင့်ပင် ပန်းကန်စင်လေးက မီးဖိုဘေးတွင် ဝါးကပ်လေးတွေနှင့်ကပ်ကာရိုက်ထားပြီး သေသေသပ်သပ်လေးနှင့်ပင်၊'တင့်ထင်..ပေး ကျွန်မ လုပ်ပေးမယ်..'
ထမင်းခူးနေသည့် တင့်ထင် ပခုံးကို လှမ်းပုတ်ကာဘေးဖယ်ခိုင်းလိုက်တော့ တင့်ထင်က ယောင်းမ ပေးလာပြီး သူ့ကိုယ်လုံးကြီးကိုဖယ်ပေးလာသည်၊
ခင် လဲ တင့်ထင် ကမ်းပေးလာသည့် ပန်းကန်တွေထဲ ထမင်းခူးထည့်ပေးလိုက်သည်၊
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19