ခင် ဒီတစ်လော တင့်ထင်နဲ့ တစ်ပူးပူးတစ်တွဲတွဲဖြစ်လာသည် မနက်စာကိုလည်း အိမ်မှာ မစားဖြစ်တာများလာတော့ မေမေ ကမေးလာပြီဖြစ်သည် ခင် ကလည်း အပြင်မှာစားဖြစ်လို့လို့ဖြေပေမဲ့ မေမေ မျက်လုံးတွေက ခင့်ကို သံသရအပြည့်နှင့်ပင်၊
ဒီနေ့တော့ အိမ်မှာပဲ မနက်စာစားလိုက်ပြီး နည်းနည်းနောက်ကျမှ စက်ရုံကို ဉီးတည်ထွက်လာခဲ့လိုက်တော့သည်၊
ခင် တို့အိမ်နားအကွေ့ မုန့်ဆိုင်လေးရောက်တော့ တင့်ထင် က စက်ဘီးလေးကိုဒေါက်ထားပြီး ထိုင်ခုံလေးတွင်ခေါင်းငိုက်စိုက်ကလေးထိုင်နေသည်ကိုတွေ့လိုက်ရသည်၊'တင့်ထင်..'
'အော်..ခင်ဗျားလာပြီ...လာလေ...'
'အကြာကြီးရှိပြီလားစောင့်နေတာ...'
'မကြာတေးပါဘူး..တက်...သွားမယ်..'
တင့်ထင်က ခင့်ကိုတွေ့သည်နှင့် ထိုင်ရက ထလာကာ စက်ဘီးလေးကို ခင့် ဘေးနားတွန်းလာသည်၊ ခင် စက်ဘီးပေါ်မတက်ပဲ လမ်းသာလျှောက်သွားလိုက်တော့ တင့်ထင်ကအနောက်ကနေ စက်ဘီးလေးတွန်းပြီးလိုက်လာသည်၊
'အင်း..ဒီနေ့တော့ လမ်းလျှောက်ပဲသွားရအောင်လေ..'
'ဘာလို့တုန်း...'
'တင့်ထင် ..ဒီနေ့ ဆန်စက်ရုံမသွားပဲ ကန်ထဲသွားရအောင်လေ..'
'ဟမ်...'
ခင် က လမ်းကိုသာလျှောက်နေပြီးတင့်ထင် ကိုလှည့်မကြည့်ပဲပြောလိုက်သည်၊တတယ်လဲ ခင် ဒီနေ့ စက်ရုံမသွားချင်၊ခင်က မသွားလည်းရပေမဲ့ တင့်ထင်က ကျ အဆင်မပြေဘူးမို့လား။
'ရှင်..အဆင်မပြေရင် ကျွန်မ ဟာကျွန်မသွားလို့ရတယ်..'
'ခင်ဗျားတစ်ယောက်ထဲ ဘယ်ဖြစ်မတုန်း...ကျုပ်ကောလိုက်မှာပေါ့..'
'အင်း..အလုပ်ကကော..'
'အဆင်ပြေတယ်...လာ..တက်..'
ခင် တင့်ထင်က စက်ဘီးနောက်ခုံကို လက်နှင့်ပုတ်ပြပြီးပြောလာတော့ ခင် စက်ဘီးပေါ်တက်လိုက်သည်၊ တစ်လမ်းလုံး အရင်နေ့တွေလိုတော့ စကားတွေမပြောဖြစ်တော့ပေ၊စက်ဘီးလေးကနန္ဒာလမ်းမကြီးကနေ မီးသတ်ရုံ အရှေ့လေးကိုဖြတ်ပြီး မြရည်နန္ဒာကန် ဆိုသည့် ဆိုင်းဘုတ်လေးဘေးတွင် တင့်ထင်စက်ဘီးလေးရပ်လိုက်သည်၊ ခင် က အရှေ့ကဉီးစွာ အတွင်းထဲဝင်သွားလိုက်တော့သည် ၊တင့်ထင်က နောက်ကနေ လက်လေးပစ်ကာလိုက်လာသည်၊ ခြံကြီးအကျယ်ကြီးထဲမှာ ပန်းပင်မျိုးစုံနဲ့ အပင်ကြီးတြွေဖင့်အုပ်ဆိုင်းနေတဲ့ ကန်ကြီးကို လှမ်းကြည့်လိုက်သည်၊ ကန် ရဲ့ အဝင်ဝ ကို မဝင်ခင် လွမ်းစေတီ ကျောက်တိုင်လေးကိုတွေ့လိုက်တော့ ခင် ငုတ်တုတ်ကလေးထိုင်ကာ စာတွေကို ဖတ်ကြည့်ဖြစ်တေးသည်၊ ငယ်ငယ်ကရောက်တိုင်းဒီစာတွေကိုဖတ်ရပေမဲ့ အခုထိမရိုးနိုင်တေးပင်၊ တင့်ထင်က ခင့် ရဲ့ ခပ်လှမ်းလှမ်းကနေသာရပ်ကြည့်နေသည်၊
(AN/ လွမ်းစေတီ သမိုင်းကြောင်းရှိပါတယ်)
YOU ARE READING
မျက်သွယ် (Completed)
Romantikသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19