ကိုယ်ဝန်အရင့်အမာကြီးနှင့်ခင်တစ်ယောက် ရေပုံးဆွဲနေရသည်၊တင့်ထင်က အလုပ်သွားသည်ကြောင့်မရှိ၊နွေရာသီမို့ပူပူလောင်လောင်နှင့် ချွေးတွေထွက်လာသည်မို့စေးကပ်ကပ်ဖြစ်လာပြီးရေချိုးချင်လာသည်ကို စဥ့်အိုးထဲရေမရှိတော့ ကိုယ့်ဟာကိုယ်သာဆွဲလိုက်သည်၊
'ခင်....ဟာ..မိန်းမကလည်း...ကျစ်..'
'အော်..တင့်ထင်..ပြန်လာပြီလား...'
'အလေးအပင်ကြီးတွေမလုပ်ပါနဲ့ဆိုဗျာ...ခင်ဗျားရာ..ကျုပ်ကိုနှလုံးရောဂါရအောင်လုပ်နေတာ..'
ခင် ရေထည့်နေတုန်း နောက်ကနေ အသံနက်ကြီးနှင့်အော်ကာတင့်ထင်ကဘေးကိုရောက်လာပြီးပွစိပွစိလုပ်တော့သည်၊အဖြစ်ကိုသည်းလွန်းလှသည် ဘေးအိမ်က မိန်းမကြီးဆို ထင်းတွေတောင်ထမ်းသယ်လို့ ခင် ရေပုံးလေးဆွဲသည်ကို သူက နှလုံးရောဂါရအုန်းမည်တဲ့၊
'အော်...ခင်..ရေချိုးချင်လာလို့ပါ...'
'အဲ့တာဆိုလည်း..ကျုပ်လာတဲ့အထိစောင့်လေဗျာ..လူကဖြင့်မပေါ့မပါးကြီးနဲ့..နောက်ခါမလုပ်ပါနဲ့ဗျာ့...ကျုပ်ထိုင်ရှိခိုးမှမလုပ်တော့ဘူးဆိုလည်းရှိခိုးပေါ့မယ်...'
'အမလေး...မလုပ်တော့ပါဘူးရှင့်....'
'တတယ်လား...'
ခင် ရှေ့မှာ ဒူးတုပ်ထိုင်ပြီးလက်အုပ်တွေပါချီလာတော့ အော်ပြီးပြောရတော့သည်၊ထိုအခုကျမှ ခပ်စောင်းစောင်းကြည့်လာပြီးမယုံသလိုပြောလာသည်၊
'ရေချိုးချင်ပြီ...'
'လာ..ခင်ဗျားကဒီနားထိုင်နေ..ကျုပ်ရေဖြည့်ပေးမယ်...တပတ်ခြုံထား..'
ခင့်ကတမိန်ရင်လျားကြီးနှင့်ဖြစ်နေတော့ဘေးကတန်းပေါ်က တပတ်ကို ပတ်ခြုံပေးလာပြီး ပုဆိုးတိုတိုပြင်ဝတ်ကာ ထမ်းပိုးကို သယ်လာပြီးအနောက်ဘက်ထဲရေသွားငင်တော့သည်၊
တင့်ထင်ကအဖြစ်ကိုသည်းလွန်းလှသည်၊အစက အိမ်က ရေငင်နေရတော့ရေချိုးသည်ကိုချောင်းထဲချိုးသည်၊ရေချိုးသည့်ကိစ္စနှင့်ပတ်သတ်ပြီးနေ့တိုင်းစကားများရပြီး နောက်တော့ အိမ်ကရေချိုးတဲ့နေရာမှာချိုးတော့လည်းဟာလာဟင်းလင်းကြပါတဲ့သူက မကြိုက် ဘေးအိမ်တွေမြင်မှာကြည့်မှာဆိုးလို့ပါတဲ့ဝါးကပ်တွေလုပ်ပြီးကာပစ်လိုက်သည်၊အမေကတောင်ပြောပါတေးသည်မိန်းမကိုများသည်းသည်းလုပ်တဲ့မအေကိုတောင်အဲ့လောက်မဟုတ်ပါဘူးသတဲ့၊
စဥ့်အိုးရေပြည့်တော့ ခင် ရေချိုးပြီးတဲ့အထိ အပြင်မှာရပ်စောင့်ပါတေးသည်၊တစ်ခုခုဖြစ်မှာစိုးလို့တဲ့၊
နေ့လည်ထမင်းစားတော့ ဟင်းက ဟင်းနုနွယ် ဟင်းချိုလေးရယ်၊ကြက်သားဆီပြန်ချက်လေးချက်ထားသည်ကိုကြက်ဥလုပ်တေးသည်၊
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19