'မောင်ထွန်း ..ထိုင်.....သမီးကော'
'ဟုတ်ကဲ့...'
ခင် ထွန်းမောင်ထိုင်နေသည့်ထိုင်ခုံဘေးကနေရာလွတ်တွင်ဝင်ထိုင်လိုက်သည်မေမေက ခင် နှင့် ထွန်းမောင်ကို ကြည့်ရင်းပြောလာသည်။
'ကဲ....ဘယ်လိုလဲ'
'အဒေါ်.......ကျွန်တော်အချိန်တစ်ခုလောက်ယူချင်တေးလို့ပါ'
ထွန်းမောင်ထိုသို့ပြောသည်နှင့် မေမေ မျက်လုံးများက ခင့် စီ ဒိုင်းခနဲရောက်လာသလိုပင် ထွန်းမောင်ကလည်း ခင့်ကိုကြည့်ရင်း စကားကို ဖာထေးကာပြောတော့သည်။
'အဒေါ်....ကျွန်တော် ရှေ့အပတ်ထဲ ဘိလပ် ကိုပြန်သွား ရအုန်းမှာကြောင့်ပါ'
'......'
'ကျွန်တော်ကဖြင့် ချက်ချင်းကိုလက်ထပ်ချင်တာ ....အလုပ်ကိစ္စကြောင့်ဖို့ဘိလပ်ပြန်ရမှာကြောင့်ပါ '
ထိုအခါမှတာ မေမေ့ မျက်နှာက ရွှင်ပြပြပြန်ဖြစ်လာတော့သည်။
'အင်း....ဟုတ်ပါပြီ... ရက်ရွေးဖို့ သား အဖေတို့ကို ပြောလိုက်တော့မလို့'
'အာ.....ဟုတ်ကဲ့'
'ကျော့နွယ်.....သမီးကော'
'.......ဟုတ်...ပြေပါတယ်'
ခင် အောင့်သက်သက်ခံစားချက်လေးနှင့်ခေါင်းငုံပြီးသာ ဖြေလိုက်တော့သည်။
'အဒေါ်....ကျွန်တော်ခင့်ကိုအပြင်ခေါ်သွားချင်လို့'
'အင်း.....ရောက်တုန်းလေးခေါ်သွားပေါ့'
'ဟုတ်'
ထွန်းမောင်က ရှေ့က ထထွက်သွားသည်မို့ခင် လည်းမတ်တပ်ထရပ်လိုက်ပြီး
'မေမေ သွားအုန်းမယ်နော်'
ထွန်းမောင်နောက်ကလိုက်လာပြီး ခြံရှေ့တွင်ရပ်ထားသောဂျစ်ကားပေါ်တက်ကာ နှစ်ယောက်သားထွက်လာကြသည်။
'ခင် နဲ့ အဒေါ်နဲ့က အရင်တိုင်းပဲနော်'
'အင်...ဟုတယ်'
ခင် ငယ်ငယ်ထဲက မေမေ့စကားကို
မသွေဖယ်ပဲ နေလာသည်မှာ ယခုချိန်ထိ အေးစက်စက် ဆက်ဆံရေးလို့ပဲပြောပြော သားအမိ သံယောဇဥ် ဆိုတာရှိတေးသလို ခင့် မေမေ လဲ ဟုတ်သည်။
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19