'ဟော ..သမီး ပြန်လာပြီပဲ...'
ခင် ဧည့်ခန်းထဲကိုရောက်သည်နှင့် ကြီးကြီး
နှင့် မေမေ က ထိုင်နေရာက ထလာကြသည်၊'ဟုတ် '
'ထွန်းမောင်ကော..'
မေမေက ခင့်အနောက်ကို လှမ်းကြည့်လိုက်ပြီး ခင့်ကို မေးလာသည်၊
ခင် အကျပ်အတည်းအခြေအနေအကြီးစားထဲရောက်သွားရတော့သလိုပင် ထွန်းမောင်ကို လာမကြိုနဲ့လို့ပြောထားလို့ လို့ပြောရမလားလိမ်ညာပြီးပဲပြောရမလားပင် ခင့် ဦးနှောက်လေးထဲဘလောင်ဆူ နေသည်။'အာ....ထွန်းမောင် က အလုပ်ရှိလို့ ပြန်သွားပြီ'
ခင် မေမေ့ကိုလိမ်ညာ ပြောမိလိုက်ပြီမို့
မေမေ့ မျက်လုံးများကို တည့်တည့် မကြည့်ရဲ့တော့ခေါင်းကို အောက်ငုံပြီးသာဖြေလိုက်သည်။'ကားသံမကြားပါလား'
'လမ်းထိ တင် ပြန်လှည့်သွားတာ ခင် လည်းအဲ့ကနေ ဆက်လျှောက်လာတာ မေမေရဲ့..'
'အင် ..နောက်နေ့တော့ အိမ်ထိပို့ပေးဖို့ပြောရမယ်..'
'အင်းပါ..ခင် သွားတော့မယ်နော်'
ခင် ထမင်းချိုင့်လေးကို စားပွဲပေါ်တင်ကာ အိမ်ပေါ်ထပ်ကိုပြေးတက်လာခဲ့လိုက်တော့သည်၊ အခန်းထဲရောက်သည်နှင့်အသက်ကို ပြင်းပြင်းရှုကာ သက်ပြင်းချလိုက်မိသည်၊ ထို့နောက် ရေချိုးခန်းလေးထဲဝင်ကာ ရေချိုး ခြေလက်သန့်စင်လိုက်တော့သည်၊
ရေချိုးအဝတ်အစားများလဲပြီးသည်နှင့် ရေဒီယိုလေးဖွင့်ထားလိုက်ပြီး အခန်းပြတင်းပေါက်လေးကနေ လ ရဲ့အလင်းရောင်ကြောင့်ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ခြံပြင်လမ်းကို လှမ်းကြည့်နေလိုက်သည်၊'ရင်တွေခုန်ပါတယ် မင်းရဲ့အကြည့်ကြောင့်ကွယ် ..လိပ်ပြာစေသူရေ ..အို ညစဥ်အိပ်
မပျော်တယ်...ယုံကြည်ပါမေရယ် ..ကိုယ့်
အသည်းလေးပြောပြမယ်...မျက်တော်ပြေစဥ်ဝယ် ...အို...ကိုယ့်ရင်မောစေတယ်...'သီချင်းသံလေးတလွင့်လွင့်နှင့် ခင် ခြံပြင်လမ်းကိုအကြာကြီးငေးကြည့်နေလိုက်မိသည်၊
ခြံ ရှေ့က ညောင်ပင် ကြီးအောက်တွင် စက်ဘီးလေးရပ်ထားသည်ကိုတွေ့ပေမဲ့ ခင် လမ်းသွားလမ်းလာအချို့ကိုသာငေး
ကြည့်နေမိသည် လေအေးလေးတိုက်နေသည်မှာ ကြာတော့ အေးလာပြီမို့ အခန်းပြတင်းပေါက်ကိုပိတ်ကာ အိပ်ယာဝင်ခဲ့လိုက်တော့သည်။
ခင် မသိလိုက်သည်က လရောင် ထိန်ထိန်သာနေသည့် လမ်းမလေးထပ်တွင် ခင့် အိမ်ရှေ့က ညောင်ပင်ကြီးအောက် စက်ဘီးလေးရပ်ထားပြီး ခင် ဖွင့်ထားသည့် သီချင်းစာသားလေးတွေလိုက်ဆိုကာ ခင့်ကို ငေးကြည့်နေ
သည့် လူတစ်ယောက်ရှိနေခဲ့သည်ဆိုသည်ပင်၊
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19