စက်ရုံနားရောက်သည်နှင့် ခင် စက်ဘီးပေါ်ကဆင်းလိုက်တော့သည်၊
'အနောက်ပေါက် ဝင်မှာမို့လား..'
'အင်'
'အဲ့တာဆို ကျွန်မသွားနှင့်ပြီ...'
ခင် တင့်ထင် လှမ်းပေးလာသည့် ထမင်းချိုင့်လေးကို ယူကာ စက်ရုံအရှေ့ဘက်ကနေ ဝင်လာခဲ့လိုက်တော့သည်၊
'အော..ခင်လေး လာပြီ...'
ဒေါ်လေးကထုံးစံအတိုင်း စာရင်းခုံတွင်ထိုင်ကာ စာရွက်များကိုဟိုလှန်ဒီလှန်နှင့် စာရင်းတွက်နေတုန်း ခင် ကိုမြင်တော့ပြောလာသည်၊
'အင်း..ဒေါ်လေး .....ခင် ဘာကူပေးရမလဲ...'
ဒေါ်လေးဘေးက ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီးပြောလိုက်သည်၊ ဒေါ်လေးက ခင့်ကိုစာရင်းဇယား စာရွက်တြွေပလာတော့ ခင် စာရင်းတွေကို တွက်ကူပေးနေလိုက်တော့သည်၊ စက်ရုံအသေးစားလို့တာပြောတာ စာရင်းထဲက ပိုက်ဆံတွေကတော့ နည်းတာမဟုတ်ဘူး၊
'ခင်လေး..ခဏနေ စပါးလာချဖို့ရှိတယ်ကွဲ့..'
'အရင်တိုင်းပဲ...စာရင်းကောက်ယုံပဲမလား..'
'အေးဟုတယ်..ခင်လေး အဆင်ပြေရင်..'
'ပြေတာပေါ့...'
စာရင်းစာအုပ်လေးထဲအသုံးငွေများကို စာရင်းရေးပေးကာ တွက်ချက်နေတော့သည်၊
'ဟော..ထော်လာဂျီလာပြီ...'
ဒေါ်လေးပြောသည်နှင့် ခင် ခေါင်းမော့ကြည့်လိုက်ပြီး ထိုင်ခုံကနေ ထရပ်ကာ စာရင်းစာအုပ်ကို ကိုင်ပြီးစက်ရုံရှေ့ ထိုးရပ်လာသည်ထော်လာဂျီဘေးတွင် ကပ်ကာရပ်နေလိုက်တော့သည်၊ စက်ရုံအနောက်ပေါက်ကနေ စပါးအိတ်သယ်မည့်အလုပ်သမားတွေထွက်လာကြသည်၊
ထိုအထဲတွင် တင့်ထင်က ပုဆိုးလေးကို ပခုံးပေါ်တင်ထားပြီး ထွက်လာသည်ကို မြင်လိုက်ရသည်၊ တင့်ထင်က ခင့်ကို တွေ့သည်
နှင့် ပြုံးပြလာသည်၊ ခင် လည်း ပါးလေးတွေမို့တက်သွားသည်အထိ ပြန်ပြုံးပြလိုက်မိသည်၊
အလုပ်သမားများက စပါးအိတ်များကိုတစ်အိတ်ပြီးတစ်အိတ် သယ်သွားကြတော့သည်
ခင် လည်း စာရင်းစာအုပ်တစ်လှည့် စပါးသယ်သည့်အိတ်အရေအတွက် တစ်လှည့်နှင့် စာရင်းမှတ်နေသည်၊
အချိန်တော်တော်ကြာတော့စပါးအိတ်တွေ ကုန်ပြီမို့ ဒေါ်လေးဆန်စက်ထဲထွက်လာပြီး ပိုက်ဆံလာရှင်းပေးနေသည်၊ ခင် လည်း စာရင်းစာအုပ်ကိုကိုင်ရင်းအထဲပြန်ဝင်သွားလိုက်သည်၊
YOU ARE READING
မျက်သွယ် (Completed)
Romanceသူမ သဘောကျတဲ့ပုလဲ လုံးလေးတွေလိုပဲ သိပ်ပြီးချစ်ဖို့ကောင်းတာ 🚨စာလုံးပေါင်းအမှားများပါရှိနေနိုင်ပါသည်။ S-Nov.21 E-Dec.19