PT ( 1 )

773 29 0
                                    


( Zawgyi )

"ဟျောင်း!!!"

ကြားနေကျဖြစ်တဲ့ ဒီသံရှည်ဆွဲပြီး အော်တဲ့အသံက တခြားသူ
ဆီကမဟုတ် ဘေးအိမ်ကဂင်မ်ဆွန်းမင်းအသံဆိုတာတိတိ
ကျကျကိုသိထားသည်

ဒီကလေး အသက်လေး ၈ နှစ်လောက်ဘဲရှိသေးတာကို
အသံအောင်ချက်ကပြောမနေနဲ့ ဆူးနေတာဘဲ အတိတ်ဘဝကဘာများလှူခဲ့လဲမသိ

ဆူပါစေလေ ဆူညံနေလည်း အီမင်ဟိုက ဖြုံမှာမဟုတ်ဘူး

"ဟျောင်း ကျွန်တော့်အရုပ်"

အခုလည်း အသံက အခန်းတံခါးဝကိုရောက်လာလေပြီ
မဖွင့်ပေးဘဲနေရင်လည်း အခန်းရှေ့မှာအော်နေတာရပ်
မှာမဟုတ် ဘာလို့ဆို အဲ့ကလေးကဇွဲကောင်းတယ်လေ

"လာပြီ လာပြီ"

တံခါးဖွင့်လိုက်တာနဲ့ ၈နှစ်သားရဲ့မျက်စောင်းကဒိုင်းခနဲ

"ကျွန်တော့်အရုပ်ပြန်ပေး"

"မပေးချင်ပါဘူး အန်တီကတောင်ယူသွားလို့ပြောတာကို"

"မေမေက ယူသွားဆိုတိုင်းယူရလား ဟျောင်းလိုချင်ရင်
တီတီ့ကိုဝယ်ခိုင်းလေ"

"ဘယ်ကဝယ်ပေးမှာလဲ ဟျောင်းကကလေးမှမဟုတ်တာ"

"အဲ့တာဆို ဟျောင်းကဘာလို့ ကလေးဆော့တဲ့အရုပ်ကို
လာယူတာလဲ"

ဒီကလေးစကားတတ်နေလိုက်တာများ ဘယ်လိုဟာမှန်းမသိ

"ဆော့ချင်လို့ပေါ့"

"မရဘူးဗျာ ပြန်ပေး"

ဒီကလေးကိုစရတာ မင်ဟိုတော်တော်ပျော်သည် အင်း....
အနိုင်ကျင့်တာမဟုတ်ပေမဲ့ မျက်ရည်ထွက်အောင်စနောက်
ရတာကလည်း အနိုင်ကျင့်နည်းတစ်မျိုးပေါ့

ပြီးတော့ စကားတတ်ပြီး ညဏ်ကောင်းတဲ့ ဆွန်းမင်းလို
ကလေးမျိုးကို စနောက်ရတာတော့ အီမင်ဟိုအကြိုက်ဆုံးပေါ့

မျက်ရည်တွေဝေဝိုင်းလာပြီး သေချာပေါက်မကြာင်ခင်ငိုချ
တော့မှာ မို့လို့ အမေမဆူခင်ဘဲ အရိပ်အကဲခတ်တတ်တော်
တဲ့မင်ဟိုက

"ဒီလိုလုပ်လေ"

"....."

"ကိုကိုစီစဉ်ထားတာလေးရှိလို့"

The way you beside meWhere stories live. Discover now