PT ( 2 )

198 17 0
                                    

( Zawgyi )

အစထဲကတစ်ယောက်ကိုတစ်ယောက်သဘောမကျတာမို့
တစ်ယောက်လုပ်တဲ့အပြုအမူကိုလည်းနောက်တစ်ယောက်
ကသဘောမကျတာများသည် ဒါပေမဲ့ တစ်ယောက်အကျင့်
တစ်ယောက်တော့သိနေကြ

ဆွန်းမင်း ၁၆နှစ်ဖြစ်လို့ မင်ဟိုတောင်၁၈နှစ်ရှိရောပေါ့

မင်ဟို ခြံဝန်းထဲမှာ ဂိမ်းကစားနေတုန်း ဆွန်းမင်းကဘေး
နားကခုံမှာလာဝင်ထိုင်သည်။

ပုံမှန်ဆိုရောက်တာနဲ့ ဂိမ်းဆော့တာကိုနှောင့်ယှက်နေမှာ
ဆိုပေမဲ့ ပုံမှန်ထက်ငြိမ်နေတဲ့ဆွန်းမင်းကြောင့် မင်ဟို
ဂိမ်းဆော့နေရင်း တစ်ချက်လှည့်ကြည့်လိုက်သည်

သူ့ကိုလည်းကြည့်မနေ ဖုန်းကိုလည်းကြည့်မနေတဲ့ဆွန်းမင်း
က ခြံရှေ့က ပန်းအိုးကိုဘဲအကြည့်ပို့ထားသည်။

နေ့တိုင်းမြင်နေကြဘဲကို ဘာတွေများဒီနေ့ဒီလောက်ကြည့်
နေသလဲမသိ

"ဂင်မ်ဆွန်းမင်းက ငါ့ထက် ပန်းအိုးကိုပိုသဘောကျတယ်
နဲ့တူတယ်နော် နှောင့်ယှက်ရတာလေ"

"...."

"ငါ့ပန်းအိုးကိုတော့မခွဲသွားနဲ့နော်"

မင်ဟိုကစနောက်ပြီးပြောနေပေမဲ့ ဆွန်းမင်းရဲ့အကြည့်
တွေက သူ့ဆီရောက်မလာ

ဒီနေ့ဒီကလေးဘာဖြစ်နေမှန်းမသိ ပန်းအိုးကိုဆောင့်ကန်တာ
တွေဘာတွေလုပ်ရင်တောင် ပုံမှန်ကျလိမ့်မည်ထင်။

"ဟျောင်း"

တိုးညင်းတဲ့အသံလေးထွက်လာတော့မှ

"ငါက မင်းအသွားပြီထင်တာ"

ထပ်ပြီးငြိမ်သက်သွားပြန်ပြီး ဘာစကားမှထပ်မထွက်လာတော့

မင်ဟိုလည်း အထူးတလည်လုပ်မနေတော့ဘဲ ဂိမ်းထဲဘဲ
အာရုံပြန်စိုက်ထားလိုက်သည်

"ဟျောင်း အချစ်ကဘယ်လိုမျိုးလဲ"

ဂိမ်းဆော့နေတဲ့ မင်ဟိုရဲ့လက်တွေရပ်တန့်သွားပြီး တစ်ခုခု
ကိုစဉ်းစားမိသွားသည်

ဒီကလေး အရွယ်ရောက်လာပြီကိုးးး

"ဘာလို့လဲ သဘောကျနေတဲ့သူရှိနေပြီလား"

The way you beside meWhere stories live. Discover now