PT ( 3 )

168 23 0
                                    

( Zawgyi )

မနက်မိုးလင်းတာနဲ့ ဘေးခြံထဲက ဝင်သွားမိသည် မနှောင့်
ယှက်ရတာကြာပြီဖြစ်တဲ့ ဟိုကလေးကိုလည်းနှောင့်ယှက်
ရင်းပေါ့ ခြံထဲမဝင်ခင်ကတည်းက သူစဉ်းစားမိတာပေါ့နော်
ဘယ်လိုနှောင့်ယှက်မလဲလို့

ကံတရားကဘဲ သူ့ဘက်မှာလားမသိ အရုပ်တွေထိုင်ခေါက်နေ
တဲ့ ခြံထဲက ကောင်လေးကိုတွေ့သည် အာရုံစိုက်နေလိုက်
တာများ သူဝင်လာတာတောင်သိတဲ့ပုံမပေါ်

ဒီကလေးလေးကရည်းသားရပြီးထဲက သူ့အပေါ်အေးစက်
လွန်းသည် သူ့ဘက်ကစကားပြောရင်တောင် အင်း  ဆိုပြီး
တစ်လုံးထဲဖြေတာ

အီမင်ဟိုကို ဒါမျိုးလာလုပ်လို့ဘယ်ရမလဲ

အနောက်ကနေ ခြေသံလုံလုံနဲ့သွားပြီး အသည်းအသန်ဂရု
တစိုက်ခေါက်နေတဲ့ အသည်းပုံစာရွက်လေးကိုယူလိုက်သည်။

"အာ...ဟျောင်း ဘာလုပ်တာလဲ"

"ယူလိုက်တာလေ လှသားဘဲ ငါ့ကိုပေးလိုက်"

"မပေးပါဘူး ဟျောင်း အတွက်မှမဟုတ်တာ"

"ဒါပေမဲ့ ငါကြိုက်တယ်လေ"

အထက်တန်းကျောင်းသားက ၁၈နှစ်အရွယ်က အခုချိန်ထိ
သူများကိုစနောက်နေတုန်းပါလားတွေးရင်း ဆွန်းမင်းခေါင်း
ခါပြီး မျက်နှာမဲ့မိသည်

သူ့ရှေ့က ဆူပုတ်နေတဲ့မျက်နှာနဲ့ လူပျိုပေါက်လေးကို
ကြည့်ရင်း မင်ဟိုရယ်မိသည် ကလေးတွေများနော် အေးလေ
ဒီအရွယ်က သစ်ရွက်ကလေးလှုပ်တာနဲ့ရင်ခုန်တတ်တဲ့
အရွယ်လေးမဟုတ်လား

"ဟျောင်း ပြန်ပေးပါ အဲ့တာကျွန်တော့်ကောင်မလေးအတွက်"

"အင်း.....ကိုကိုလို့ခေါ်ရင်ပြန်ပေးမယ်"

ကလေးက ခေါ်ချင်တဲ့ပုံမပေါ် မခေါ်ရတာကြာတော့ သူလည်း
ဘယ်ခေါ်ချင်တော့မလဲ အဲ့တာကြောင့်ကို ခေါ်ခိုင်းတာ

သူလည်းကြားရတာ နားယားပေမဲ့

"ဘာလဲ မခေါ်ဘူးလား အဲ့တာဆိုမပေးတော့ဘူးနော်"

"အရင်တုန်းက ကျွန်တော်ခေါ်တော့ သိပ်သဘောမကျဘူးဆို
အခုမှကြားချင်လို့လား"

The way you beside meWhere stories live. Discover now