PT ( 13 )

156 12 0
                                    



( Zaw )


မင်ဟိုစိတ်တွေ အတော်လေးအဆင်ပြေမနေပါ သူဒါမျိုးကို
တော့သွားဖျက်လို့လည်းမရ ဆွန်းမင်းကသူ့ကိုချစ်ရင်တောင်
တစ်မျိုးပေါ့ အခုကတော့ဘာရယ်မှမဟုတ်

ပြန်လာထဲက ထမင်းလည်းမစားဘဲ အခန်းအောင်းနေတဲ့
သားတောင်မောင်ကို အမေဖြစ်သူက သတိထားမိပေမဲ့
မနက်ကျတော့ အလုပ်တောင်မသွားဘဲ မှိုင်ထွေနေတဲ့သား
ကိုထပ်သတိထားမိတာက အဖေဖြစ်သူ

နေမကောင်းဘူးဆိုသော အကြောင်းပြချက်နဲ့ အလုပ်မသွား
ဘဲ ပေကပ်မှိုင်ထွေ မရွှင်မလန်းတဲ့သားကိုကြည့်ချင်းအား
ဖြင့် မင်ဟိုအဖေ သတိထားမိတာကတော့ ဒါဟာ အချစ်နာ
ကျနေတဲ့ ပုံစံ

အဖေနဲ့ အမေထိုင်နေတဲ့ နားကိုသွားပြီး မင်ဟို လှေကားထစ်
ရဲ့ဒုတိယအဆင့်မှာ ထိုင်ချလိုက်သည်။ လက်နှစ်ဖက်စလုံး
မေးကိုထောက်လို့ အတော်စိတ်ညစ်နေတဲ့ပုံ

"အီမင်ဟို မစားနိုင်မသောက်နိုင်နဲ့ ဘာဖြစ်နေတာလဲ"

"မင်း...အချစ်နာကျနေတာမလား"

မင်ဟိုက အဖေဖြစ်သူဘက်ကိုလှည့်ရင်း

"အဖေ ဘယ်လိုသိတာလဲ"

"ငါလည်း မင်းအမေကိုမရတုန်းက ဒီလိုဘဲမှိုင်ခဲ့တာလေ"

"ဒီလူနဲ့တော့ တကယ်ပါဘဲ ဒါဆို သားတကယ်အသဲကွဲနေ
တာလား"

မင်ဟိုက ခေါင်းတွင်တွင်ညိမ့်ပြသည်

"အားရီးဂူးး ဒီမှာငါ့သား ကြိုးစားလို့ရတယ် မင်းကလည်းနော်
ငါတောင်မှမရနိုင်ဘူးဆိုတဲ့ မင်းအမေကိုရခဲ့သေးတာဘဲ
မင်း အဖေ့ကိုကြည့်ပြီး အားယူလေ"

"တကယ်လား"

"အေးပေါ့ ငါ့သားဖြစ်ပြီးတော့များ အားမရှိလိုက်ပုံများ"

မင်ဟိုက ပြန်မှိုင်ကျသွားပြန်ပြီး တိုးညင်းစွာဆိုသည်။

"သားချစ်နေတာက မိန်းကလေးမဟုတ်ဘူးဆိုရင်ရော"

မင်ဟိုစိတ်ပျက်စွာ ပြောလိုက်မိပေမဲ့ အဖေဖြစ်သူကတော့

"ဒါဆို ပိုတောင်လွယ်သေးတယ် ပိုလည်းအဆင်ပြေတယ်
အဖေ အားကိုးစရာ လက်ရုံးနှစ်ဖက်ရတာပေါ့"

The way you beside meWhere stories live. Discover now