( Zawgyi )အခုထိ နှစ်ယောက်လုံးအိမ်ပြန်မလာသေးတာမို့ မိဘတွေက
တော့စိတ်ပူနေလေပြီ မင်ဟိုရဲ့မိဘတွေက အခြေအနေကို
အကဲခတ်တတ်ပြီမို့လို့ တစ်ဖက်မိဘတွေ ဒေါမထွက်အောင်
လို့ဘဲ ဆုတောင်းရတော့သည်။"ကလေးတွေက ဘာလို့ပြန်မလာသေးကြတာလဲမသိဘူး"
"ဟုတ်ပါ့ တစ်နေရာမှာများ ရန်ဖြစ်နေကြလို့လား"
ဆွန်းမင်းအမေက စိတ်ပူဟန်ပြောတော့ မင်ဟိုအမေကဘဲ
"အဲ့လောက်ကြီးတော့ မဟုတ်လောက်ပါဘူး သူတို့ဘယ်
တုန်းကများ ကြီးကြီးကျယ်ကျယ် ဖြစ်ကြလို့လဲ""ဟုတ်သားဘဲ သူတို့လည်းအရွယ်ရောက်နေပါပြီ ဒီတိုင်း
ကိစ္စရှိလို့ဖြစ်မှာပါ"ဆွန်းမီက အိမ်ပြန်ရောက်လာတော့ အထဲမဝင်ဘဲအပြင်မှာ
စကားပြောနေကြတဲ့ မိဘတွေကိုတွေ့တော့"ဘာလို့ ဒီမှာမတ်တပ်ရပ်နေကြတာလဲ"
"ကလေးတွေပြန်မလာသေးဘူးလေ"
"သြော် အဲ့တာဆို စောင့်မနေနဲ့တော့"
ဆွန်းမင်းရဲ့ မိဘတွေကအံ့အားသင့်သွားဟန်ပေါ်တော့
"ဘာလို့လဲ ဘာဖြစ်လို့လဲ"
"အမေတို့ သားငယ်လေးက ခိုးရာပါသွားပြီ"
"ဟယ် ဟေ!"
ပိုပြီး အံ့အားသင့်သွားတဲ့ မိဘဖြစ်သူတွေကိုကြည့်ရင်းဆွန်းမီ
ကတော့ပြောစရာစကားပျောက်ရှလျက်"ဘာဖြစ်လို့လဲ"
"ကိုယ့်မောင်တစ်ယောက်လုံး ပါသွားတာကို ညဉ်းကလဲအေး
ဆေးနေလိုက်တာများ""အမေကလည်း "
"နေပါဦး သားကခိုးရမှာလေ ခိုးရာလိုက်ရမှာမှမဟုတ်တာ"
အဖေဖြစ်သူက ဝင်ပြောတော့ ဆွန်းမီကဘဲ
"အဖေနဲ့အမေရေ သူက အီမင်ဟိုနောက်လိုက်သွားတာ
တခြားသူနောက်မဟုတ်ဘူး""ဟေ"
မင်ဟိုရဲ့ မိဘတွေဘက်လှမ်းကြည့်တော့လည်း မင်ဟိုရဲ့
မိဘတွေလည်း အားနာတဲ့အကြည့်တွေနဲ့

YOU ARE READING
The way you beside me
Fanfiction{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်