(Zawgyi)
ဖိုးဖိုးခြံထဲရောက်တာနဲ့ အေးချမ်းတဲ့ရိပ်မြုံလေးကဆီးကြိုသည် ပင်ပန်းစရာကိစ္စတွေ
နဲ့ရင်ဆိုင်နေကျဖြစ်တဲ့သူတို့အဖို့ ဒီနေရာလေးကအအေးချမ်း
ဆုံးရပ်ဝန်းလေး"ပန်းသီးတွေ စားကြဦး"
"ဖိုးဖိုးကလည်း ထားလိုက်ပါ"
"မြေးတွေအတွက်လုပ်ပေးတာဘဲ ဘာမှမဖြစ်ဘူး မင်းတို့အဖွားသာရှိရင် ဒီထပ်ပိုလုပ်ပေးမှာ"
ဖိုးဖိုးရဲ့အချစ်တွေက ဖွားဖွားအပေါ်မှာမပြောင်းမလဲဖြစ်
တည်နေတုန်းဆိုတာ ဖိုးဖိုးရဲ့စကားတစ်ခွန်းချင်းဆီကနေ
သိရှိနိုင်သည်။"ကျွန်တော်တို့ အားဆေးတွေဝယ်လာခဲ့တာလည်းသောက်ဦး
နော် ဖိုးဖိုး""အေးပါ အခုလည်းသန်မာနေတာဘဲကို"
မင်ဟိုက ဖိုးဖိုးကိုကြည့်ရင်းပြုံးသည် ဖိုးဖိုးကတကယ်အခုထိ
လန်းဆန်းတက်ကြွနေတာတော့ အမှန်စင်စစ်"မင်ဟိုက အရမ်းချောလာတာဘဲ ကောင်မလေးတွေတော့
ဝိုင်းနေမှာဘဲ ရည်းစားရနေပြီလား""မရသေးပါဘူး ဖိုးဖိုးရယ် ရှာတုန်းပါဘဲ"
"ဟုတ်လား ငါ့တုန်းကလဲ အဲ့လိုဘဲ အချစ်ကိုရှာရင်း မင်းတို့
အဖွားနဲ့တွေ့တာဘဲ"ဖိုးဖိုးစကားကိုကြားတော့ သူတို့သုံးယောက်အတူတူရယ်မိ
ကြသေးသည်။ဖိုးဖိုးရဲ့ကြွားပုံများနဲ့ချစ်တတ်ပုံကတော့လေ"ချစ်မြေးလေး ဆွန်းမင်းရော ကောင်မလေးရပြီလား မရ
သေးရင် မင်းတို့ချင်းအတူတူနေသွားကြလဲ မဆိုးဘူး"ဖိုးဖိုးရဲ့စကားကို ဆွန်းမင်းက အသည်းအသန်ပြန်ပြော
ရတော့သည်။"ရည်းစားရှိပါတယ် ဖိုးဖိုး နောက်မှခေါ်လာခဲ့ပြီး မိတ်ဆက်
ပေးပါ့မယ်""ဟုတ်လား ဖိုးဖိုးက မြေးတို့နှစ်ယောက် အတူတူနေသွား
ကြလည်းမဆိုးဘူးထင်တာ""မဖြစ်နိုင်တာပါ ဖိုးဖိုးရယ်"
ဆွန်းမင်းကပြောတော့ မင်ဟိုကလည်း
"ဖိုးဖိုးမြေး အဲ့ဒီအဆိုးလေးနဲ့ ဘယ်လိုနှစ်ယောက်အတူနေ
နိုင်မှာတဲ့လဲ ဖိုးဖိုးရယ်"
YOU ARE READING
The way you beside me
Fanfiction{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်