(Zawgyi)တဆစ်ဆစ်ထိုးကိုက်လာတဲ့ခေါင်းကြောင့် အိပ်ယာထဲမှာဘဲ
ပြန်လှဲနေလိုက်တယ် သတိလေးနည်းနည်းထားမိတော့ သူ
မနေ့ညက အတော်လေးသောက်ထားမိတာဘဲ ဒါပေမဲ့သူအိပ်
ယာထဲကိုဘယ်လိုရောက်နေတာ.....?အင်း လုံးဝညဏ်မကောင်းတာတော့မဟုတ်ဘူးလေ မင်ဟို
ဟျောင်းက ကုန်းပိုးပြီးပြန်ခေါ်လာတာကိုတော့ ရှင်းရှင်းကြီး
ကိုမှတ်မိတာ ဒီလိုဘဲလေ လမ်းမလျှောက်နိုင်လောက်အောင်
ဖြစ်နေတော့ ဒီလိုဘဲလုပ်ရတော့တာပေါ့အသိစိတ်တွေလုံးဝပျောက်သွားတာလားဆိုတော့မဟုတ်ဘူး
အားလုံးကိုမေ့သွားရင်တောင် မမေ့သင့်မမေ့ထိုက်တဲ့အရာ
တွေကရှိတယ်လေ"နိုးပြီလား"
အစ်မဖြစ်သူရဲ့အသံကအခန်းဝကနေ လာလို့
"အရမ်းသောက်တတ်နေပြီပေါ့"
"ခေါင်းကိုက်တယ် မမရာ ဘာတွေလာပြောနေတာလဲ"
"အမူးပြေဟင်းရည် လုပ်ထားတယ် ငါကငါ့မောင်လေး
အများကြီးသောက်နိုင်လို့ ဂုဏ်ယူမိလို့ပါ""....."
"အရင်ကဆို ဆိုဂျူတစ်ပုလင်းမကုန်ဘူး ခေါင်းမှောက်ရောလေ"
"မမ နားငြီးတယ်"
"အေးပါဟယ် မြန်မြန်ဆင်းလာခဲ့"
အစ်မဖြစ်သူ ထွက်သွားတော့ အခန်းဝကိုလှမ်းကြည့်မိတယ်
ပြီးတာနဲ့သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ခေါင်းကိုနည်းနည်း
အလုပ်လုပ်ပေးလိုက်ကာ အိပ်ယာပေါ်ကဆင်းလာရတော့တယ်အရက်နံ့တွေစွဲနေတဲ့ အဝတ်အစားတွေလည်း မမတို့လျှော်
ထားပေးသည်ထင်သည် သူကအသစ်လေးနဲ့ဆိုတော့လေမင်ဟိုဟျောင်းနဲ့လည်း တွေ့သေးစရာအကြောင်းမရှိသေး
တာမို့ ဂိမ်းကိုဘဲဆော့ဖို့လုပ်ရတော့တယ် အဖော်နှစ်ယောက်
ဖြစ်တဲ့ ဂျောင်အင်းနဲ့လစ်ကိုလည်းချိတ်ရင်းပေါ့မင်ဟိုက မူးနေတဲ့သူမဟုတ်လို့ မနက်အိပ်ယာထလည်း
ခေါင်းကကြည်လင်နေရောဘဲ မကြည်တာဆိုလို့ ကိုယ်တွေ
လက်တွေနာနေတာဘဲ မနာဘဲမကိုက်ဘဲနေမလား မနေ့ညက သကောင့်သားလေးကို ကုန်းပိုးခဲ့ရတာလေ
YOU ARE READING
The way you beside me
Fanfiction{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်