( Zaw )
အခုရက်ပိုင်း မင်ဟိုနဲ့ဆယ်ရီကအနေနီးလာသလောက်ဆွန်း
မင်းနဲ့ဆိုရာက ရန်ဖြစ်မြဲဖြစ်နေဆဲ ဒါပေမဲ့လမ်းခွဲကြတဲ့အထိ
တော့မဖြစ်သေးစာမေးပွဲအတွက်စာတွေလုပ်ရင်းရော တခြားကိစ္စတွေအတွက်
ရော အချိန်တွေကဘာမှန်းမသိဘဲကုန်ခဲ့ကြတယ် မင်ဟို
ကျောင်းပြီးလို့ အလုပ်ဝင်နေရပြီဆိုပေမဲ့ ဆွန်းမင်းကတော့
အခုမှတတိယနှစ်ကိုတက်နေရတုန်းသိသိသာသာဖြစ်နေတဲ့ သူနဲ့ဆယ်ရီရဲ့ရင်းနှီးခြင်းမှာ ဘာချစ်
ခြင်းမှမပါခဲ့ဘူး ဒါ့ကြောင့်မို့ ဆယ်ရီသူ့ကိုချဉ်းကပ်လာတာ
ဟာ သဘောကျလို့မဟုတ်ဘဲ သူငယ်ချင်းလို ခင်ချင်လို့သက်
သက်ဘဲဆိုတာ သိလာခဲ့တယ်ကျောင်းမပြီးသေးတဲ့ ကလေးငါးယောက်နဲ့သူတို့အားတဲ့အ
ချိန်တိုင်းအပြင်သွားဖြစ်တယ် ထုံးစံအတိုင်းစနောက်နေကျ
ဆိုပေမဲ့ ဆွန်းမင်းကလွဲပြီး ရင်ခုန်တတ်တဲ့သူမဟုတ်တော့
မင်ဟိုအတွက် ဘာမှမဖြစ်သွားခဲ့ဘူးနှစ်နှစ်ကြီးများတောင် အဆင်မပြေတာကို ဆိုရာနဲ့ဆွန်းမင်း
မပြတ်စဲနိုင်သေးတာကိုလည်းအံ့သြမိသေးသည်။ချန်းနဲ့ချန်းဘင်းကတော့ သူတို့အသဲလေးတွေဆီကိုပုံမှန်
သွားနေကြမို့ ချန်းဘင်းဆီကနေ သူမသွားဖြစ်တဲ့ရက်တွေမှာ
ကျောင်းကဆွန်းမင်းသတင်းတွေကြားရသည်။အိမ်ပြန်ရင်တော့ အိမ်ဘေးမှာရှိတဲ့ သူရဲ့ သက်ရှိပန်းချီကား
လေးကိုငေးမောရသည်။"ဟျောင်း"
ပိတ်ရက်လေးမှာ အိမ်မှာလဲလျောင်းနေရင်း ဝင်လာတဲ့အသံ
ငယ်လေးကြောင့် မင်ဟိုထထိုင်မိသည်။"ဘာလာလုပ်တာလဲ စောစောစီးစီး"
လာစေချင်ပေမဲ့ ထုံးစံလေးကရှိနေသေးတာမို့ အကန်လေး
တွေထပ်ပြောရသေးသည်။"ဘယ်သူက လာချင်လို့လာတယ်ထင်လို့လဲ ဟိုကောင်တွေ
ကအတွဲကိုယ်စီနဲ့မအားလို့လေ""အဲ့တာဆို မင်းလည်း မင်းကောင်မလေးနဲ့ သွားတွေ့လေ"
"အဲ့တာဘဲပြောမလို့ ဟျောင်းကဘာလို့ အစ်မဆယ်ရီနဲ့သွား
မတွေ့တာလဲ"

YOU ARE READING
The way you beside me
Fanfiction{ Unicode + Zawgyi } "You know that love can't be expressed in words,right" If you say you stay I'm the one who should stay သာသာရဲ့ SKZ fic ကိုပထမဆုံး try ခြင်းပါ 2min လေးနဲ့ဖွင့်ပါတယ် အမှားပါသွားရင်လည်း ကြိုတောင်းပန်ပါတယ်