PT (16) END

212 18 2
                                    

( Zawgyi )

တစ်ဘီးခြင်းလှိမ့်လာရင်း တရွေ့ရွေ့ သွားနေတဲ့ သူတို့ကား
လေးထဲမှာ လူသုံးယောက်ပါဝင်တယ် အနောက်ခန်းကခုံမှာ
ထိုင်ရင်း ပတ်ဝန်းကျင်ကို ကားမှန်ကနေကြည့်နေတဲ့ဖိုးဖိုးက
သူတို့မင်္ဂလာပွဲအတွက် လိုက်ပါလာခြင်း

"ဖိုးဖိုး အကြာကြီးနေမှ အိမ်မှာလူစုံရတော့မှာဘဲနော်"

"ဒါပေါ့ "

ကားထဲမှာ အသံတွေ ရပ်သွားပြီး အိမ်ဆိုတဲ့ ဦးတည်ရာလေး
ဆီ နှင်ခဲ့တော့တယ်

အိမ်ရောက်တာနဲ့ ဆွန်းမင်းမေမေက ဖိုးဖိုးနဲ့ သူတို့ကို သွက်
သွက်ကလေးလာကြိုသည်။

ဆွန်းမီကလည်း ဆွန်းမင်းလက်မောင်းကို တစ်ချက်ရိုက်ကာ
ရယ်နေသေးသည် အစ်မကိုစ ခြင်တဲ့ ဆွန်းမင်းကလည်း

"ဘယ်လိုလုပ်မလဲ နောက်ကားကျော်တက်သွားလို့ စိတ်တော့
မကောင်းပေမဲ့ ရှေ့ကားက ဒီတိုင်းပိတ်နေတော့လေ ထွက်ဖို့
ရောရှိပါ့မလား"

"မရှည်စမ်းနဲ့ အချိန်တန်ရင်ထွက်မှာ"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကာ ပွေ့ဖက်
လိုက်ကြတဲ့ မောင်နှမနှစ်ယောက် ဆွန်းမီက ဆွန်းမင်းကိုဆို
အရမ်းချစ်တာ ဆွန်းမင်းကအသိဆုံးပေါ့

မောင်ဖြစ်သူရဲ့ ခင်ပွန်းလောင်းဆီကို သွားရင်း

"ဘယ်နှယ့် ဖိုးဖိုးဆီကို ခိုးပြေးရလား"

"ပိုလုံခြုံတယ်လေ"

"ဘာဘဲဖြစ်ဖြစ် ငါတို့ဆွန်းမင်းလေးကို ဂရုစိုက်ပေးဦး"

"အဲ့တာတော့ စိတ်ချ တစ်သက်လုံး ကျွန်တော်ကစောင့်ရှောက်သွားမှာ မို့လို့ဘဲ"

"အေးပါ လေသာမကြီးနဲ့"

"အီမင်ဟိုပါ အပြောဘဲရှိတာမဟုတ်ဘူးဆိုတာသိတယ်မလား"

"အေး အေး"

ကြီးကြီးကျယ်ကျယ် မလုပ်ချင်တဲ့ နှစ်ယောက်လုံးရဲ့သဘော
ကြောင့် အသိမိတ်ဆွေတစ်ချို့နဲ့သာ လုပ်ဖြစ်တဲ့မင်္ဂလာပွဲ

"မဟုတ်ပါဘူး နေပါဦး ကျွန်တော်တို့က အရင်ကြိုက်တာ
ကို ဘာလို့သူတို့က မင်္ဂလာအရင်ဆောင်တာလဲ"

The way you beside meWhere stories live. Discover now