Unicode...
"သား စောသိုက်ခေတ်က စာအုပ်တွေ တစ်ချက်ဝေပေးနော်....ပြီးရင် နာမည်စာရင်းလေးလည်းကောက်လာပေးခဲ့အုံး..."
"ဟုတ် တီချယ်.."
ဆရာမက အတန်းထဲပြန်ဝင်လာတော့ စာအုပ်ပုံကြီးတချို့ကို ကျောင်းသားနှစ်ယောက်နှင့်အတူသယ်လာပြီး monitor ကို စာအုပ်ဝေခိုင်းပြီး နာမည်စာရင်းပါ ကောက်ခိုင်းလိုက်၏။ပြီးတွင် ဆရာမက သူ၏ထိုင်ခုံတွင်ဝင်ထိုင်ရင်း လုပ်စရာရှိသော ကျောင်းခေါ်ကြိမ်စာအုပ်ကို ဇယားကွက်ပြုလုပ်နေခဲ့၏။
စာအုပ်တွေကိုလက်ပေါ်တင်ရင်း အရှေ့တန်းမှစခါ ဝေပေးရင်း အနောက်တန်းသို့တဖြေးဖြေးရောက်လာခဲ့လေသည်။
"နာမည်..."
ခပ်တည်တည်မျက်နှာထားနှင့်ဆိုလာသည့် အသွင်အပြင်က မသိလျှင် ဂိုဏ်းတစ်ခုခုရဲ့ခေါင်းဆောင်ဟုတောင် ထင်မြင်မိတော့မတက် မျက်နှာမှာ အံ့ဩစရာကောင်းအောင်တည်ကြည်နေ၏။ မြတ်ကြည်မောင်မောင် ထိုသူ့အားလိုက်ငေးနေရင်းမှ သူ့အတန်းရှေ့ရောက်လာတော့ ခေါင်းကိုလှစ်ခနဲ အောက်ငုံ့လိုက်ရ၏။သူကတော့ လုပ်ရိုးအတိုင်း စာအုပ်ပေးပြီး ပါလာသည့် A4စာရွက်အလွတ်တွင် နာမည်များအားချရေးနေခဲ့သည်။
"ဟိုတစ်ယောက် နာမည်..."
စာရွက်ထဲရေးရန်အသင့်ပြင်နေသော စောသိုက်ခေတ်ရဲ့လက်များက ပြောလာမည့်နာမည်အားစောင့်ဆိုင်းနေပုံရသည်။အတန်ကြာအောင် ခေါင်းငုံ့နေသည့်ကျောင်းသားကြောင့် မျက်မှောင်ကြုတ်၍ကြည့်လိုက်မိ၏။ ဘေးရှိ စက္ကချိန်က အလယ်က အကောင်ညှက်ညှက်နှင့် မြတ်ကြည်အားတစ်ကြော့ပြန်ကြည့်လာလျှင် အခြားဘေးတစ်ဖတ်ရှိ ဆိုင်းစေလုံက တံတောင်ဖြင့် မြတ်ကြည်အား မသိမသာတွတ်လိုက်၏။
"နာမည်မေးနေတယ်..မင်းအလှည့်ရောက်နေပြီ.."
ထိုအခါမှ အလန့်တကြား ခေါင်းထောင်လာသည့် မြတ်ကြည်က monitor၏ မျက်နှာကိုလှမ်းကြည့်တော့ သူ့အား မျက်လုံးတွေမှေးစင်းလို့ကြည့်နေပြီဖြစ်သည်။
"မြတ်. မြတ်ကြည်မောင်မောင်"
ရုတ်တရက်ပေါ်လာသည့် ကလေးမျက်နှာလေးနှင့်အတူ သူ့အား ပြူးတူးပြဲတဲလေးကြည့်နေသော မျက်လုံးဝိုင်းလေးတွေမှာ အရောင်တဖြတ်ဖြတ်ပင်လက်နေလေ၏။ မြင်ဖူးနေသလိုရှိသော မျက်လုံးဝိုင်းများ၏ အညိုရောင်မျက်စံများက စောသိုက်ခေတ်ကို စိတ်ရှုတ်နေစေသယောင်...။ စောသိုက်ခေတ်က အတည်ပြုပြီးသလို ခေါင်းငုံ့ပြီးရေးရန်ကြံရွယ်ပြီးမှ လက်များတန့်သွားခါ တဖန်မော့ကြည့်လာ၏။ ထိုအခါ တဖတ်လူ၏ ခေါင်းမှာ အောက်ပြန်ငုံ့နေပြီဖြစ်၏။ တခုခုထူးစမ်းနေသောလေထုကြောင့် စောသိုက်ခေတ် နာမည်လေးလုံးလား စာရွက်ထဲချရေးလိုက်၏။
YOU ARE READING
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romanceဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်