Unicode...
"သမ္မတ ကြီး.....!!"
အခန်းထဲ စာအုပ်တစ်ချို့ကိုင်လို့ပြန်ဝင်လာသည့်စောသိုက်ခေတ်မှာ သူ့အား ကျောပေးရပ်နေကြသည့်လူသုံးဦးအား မျက်လုံးဝှေ့၍ကြည့်ရုံမျှသာလှမ်းကြည့်ရင်း ဂရုမစိုက်ဘဲ ကျော်တက်လာခဲ့လိုက်၏။ သို့သော်လည်း ထိုလူသုံးဦးက သူ့အား သမ္မတကြီးဟူ၍ ဝိုင်းအော်လာကြသည့်ကြောင့် စောသိုက်ခေတ်မှာ မျက်မှောင်ကြုတ်လို့ လှည့်ကြည့်လိုက်မိ၏။ သူမြင်လိုက်ရသည့်မျက်နှာများမှာ သူ့အားအနည်းငယ်တော့ မျက်ခုံးပင့်သွားစေဟန်တူ၏။
သူ ပထမဦးဆုံးမြင်လိုက်ရသည့် ခန္ဓာကိုယ်သေးသေးကွေးကွေးကလေးနှင့်ကောင်လေးက အင်္ကျီအဖြူကလေးထဲဆုံးဆုံးမြုပ်နေသည့် မွေးကင်းစကလေးပေါက်စလို..။ မတော်ကရော်အဝတ်အားကောက်စွပ်လာသကဲ့သို့ အဝတ်ထဲခေါင်းပေါ်ရုံသာနစ်မြုပ်လို့နေပေသည်။ အံ့ဩစွာ ပြူးကြောင်ကြောင်မျက်လုံးကလေးများနှင့်ကြည့်လာသည်မှာ သူ့အား လူထူးစမ်းသကဲ့သို့ စိုက်ကြည့်နေပြီး ဘေးရှိ ဗရုပ်ကျသည့်နှစ်ကောင်မှာလည်း ထိုကဲ့သို့အခြေအနေတွင်တည်ရှိနေလေ၏။
ထိပ်ခနဲဖြစ်သွားသော ဦးနှောက်လှိုင်းများက တစ်ခဏအတွင်းရှုပ်ထွေးကုန်ခါ လက်ဖျားများပင်အေးစက်သွား၏။ သူသဘောကျသည့်ကောင်လေးက သူနှင့်တစ်ခန်းထဲတွင်ဖြစ်နေသည့်အခါ စောသိုက်ခေတ် ရူးနေသည့်လူတစ်ယောက်လို သူခက်ခက်ခဲခဲ ရှူနေသည့်လေများပင် တန့်သွားရ၏။
"အဟမ်း..မင်းတို့သုံးယောက်က အခန်း၉ကလား"
ထိုအခါ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြသော သူငယ်ချင်းသုံးဦးမှာ ဘေးကျပ်နံကျပ်ဖြစ်နေသည့်အနေအထားအားသတိပြုမိသွားခဲ့၏။
"ဒါ...ဒါ အခန်း၉ သေချာရဲ့လား"
"အေးနော်...ငါတို့နံပါတ်စက္ကူကဒ်တွေ ၆နဲ့၉ မှားနေတာနဲ့တူတယ်..ပြန် ပြန်ထွက်ကြမယ်..."
အထုပ်တွေပြန်ပိုက်နေကြသောဘိုးနှင့်စေလုံအား စောသိုက်ခေတ်က စကားတစ်ချို့ဆိုလိုက်၏။
"၁၊၃၊၅၊၇၊၉၊၁၁...အဲ့တာက ယောက်ျားလေးအခန်းတွေ...စုံဂဏန်းက မိန်းကလေးအခန်းနံပါတ်..."
YOU ARE READING
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romanceဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်