Unucide....
"အောက်!! အောက်!!"
ဖလက်! ဖလက်! ဖလက်!
ညနက်ရဲ့ဇီးကွက်အော်သံက သစ်ပင်အုံ့ဆိုင်းဆိုင်းဆီမှရုတ်တရက်ထွက်ပေါ်လာပြီး အတောက်ပံခက်သံများနှင့်အတူ ခေတ္တညံစီသွားတော့၏။ လေညှင်းတိုးသံသဲ့သဲ့က မိုးရနံ့သင်းသောလေနှင့်အတူ လမ်းမတစ်လျှောက်ဖြတ်ပြေးတိုက်ခက်လာသည်မို့ အရိုးထဲမှပင် တဆိမ့်ဆိမ့်အေးနေတော့သည်။
ဂိမ်းဆိုင်မှ ကျောင်းအဆောင်သို့ပြန်လာသည့်လူငယ်လေးယောက်သည် လမ်းမတစ်လျှောက်တွင် အေးလွန်းစွာ ခါးကလေးများကိုင်းလို့ ခပ်မြန်မြန်ခပ်သွက်သွက်ခြေလှမ်းများနှင့်မပြေးရုံတမယ်ခြေထောက်တွေမှာလျှင်မြန်လွန်းလှ၏။နာရီအရ ၉နာရီကျော်သွားပြီဖြစ်တာကြောင့် အဆောင်မှူးလည်းပြန်ရောက်နေလောက်ပြီးဖြစ်လောက်သည်။ ကံကောင်း၍ ဒီနေ့ အခန်းမစစ်ဖို့သာ လူငယ်၄ယောက်စလုံးရဲ့စိတ်မှ ဆုတောင်းနေရသည်။
"မြန်မြန်...မြန်မြန်"
"နာရီကအဲ့လောက်ကျော်သွားလိမ့်မယ်လို့မထင်မိဘူးကွာ.."
"ဂိမ်းက စပြီးရင်ရပ်ဖို့ခက်တယ်ကွ...ဒါတောင်မနည်းဖြတ်လိုက်ရတာ..."
သုံးယောက်၏စကားသံများဆူညံနေသော်လည်း စောသိုက်ခေတ်ထံမှ ဘာစကားမှထွက်မလာဘဲ ခပ်တည်တည်ကြီးသာ ခံစားချက်မဲ့နေသည့်မျက်နှာနှင့်သာဖြစ်နေသည်မို့ စကားများနေကြသည့်လူသုံးယောက်မှာ တိတ်တိတ်ငြိမ်သက်သွားကြတော့၏။
"မောင်မောင်..ဟိုကောင်ရုပ်ကိုလည်းကြည့်ပါအုံး"
"ဆိတ်ဂွေးစိ တူနဲ့အထုခံထားရသလိုဘဲ"
ဘိုးနှင့်စေလုံ၏စကားပြိုင်တူသံကြောင့် မြတ်ကြည်၏အကြည့်များသည် ရုတ်ချည်းပင် စောသိုက်ခေတ်ထံမအူမလည်ရောက်ရှိသွားတော့၏။
အမှန်ပင် သာမာန်နှင့်မတူဘဲခွဲထွက်နေသည့်မျက်နှာအမူအရာတို့ကြောင့် အတန်းထဲတွင်လည်း တစ်ယောက်တည်းသာအသက်ရှင်နေသည့်ကျောက်ခေတ်လူသားလိုမျိုးနေထိုင်နေသူကြောင့် အထက်တန်းကျောင်းသားဘဝအားဆုံးရှုံးနေပြီဟုပင်မြတ်ကြည်ထင်ကြေးပေးမိ၏။
YOU ARE READING
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romanceဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်