Unicode...
"ခင်များလိုတာကြည့်နော်...အိမ်ပြန်ရောက်မှသတိရရင် ခင်များဘာသာသွားဝယ်တော့"
"အင်း ကိုယ်ကြည့်နေပါတယ်"
Ocean super market ထဲတွင် တွန်းလှည့်ခြင်းနှင့်လိုက်ပတ်နေသည့် ယောက်ျားနှစ်ဦးအနက် တစ်ဦးမှာ လူမျိုးခြားဖြစ်နေသည်ကြောင့် စျေးဝယ်အမျိုးသမီးအချို့က သူတို့အားလှည့်ကြည့်လှည့်ကြည့်ဖြစ်နေရ၏။ market အတွင်း လူမျိုးခြားအနည်းငယ်ရှိသော်လည်း အများစုသည် ဝဝဖိန့်ဖိန့်နှင့်လူအိုကြီးများသာဖြစ်ကြ၏။ သို့သော် ရုပ်ရှင်မင်းသားနည်းတူ ချောမောခန့်ညားသည့် အာဒန်မင်ကြောင့် လျှောက်လှမ်းလာသည့်တစ်လျှောက်လက်မနှင့်လက်ညှိုးသဖွယ်ဖြစ်နေသည့်သူတို့အား လူများက မဆီမဆိုင်ပြုံးရယ်လို့ငေးကြည့်သွားကြ၏။ထိုအကြည့်များက "ဟယ် ဆန့်ကျင်ဘက်ကြီးနော်"ဟူသည့် အရပ်အားထိခိုက်လာသည့်အကြည့်အမျိုးအစားထဲတွင်အထူးပါဝင်နေ၏။
ညိုမင်းမိုက စိတ်ရှုပ်စွာ အာဒန်မင်ဘေးမှအနည်းငယ်ခွာလိုက်ရင်း မျက်နှာအားဆူပုတ်ထားလိုက်မိ၏။
အင်္ဂလိပ်ဆရာအာဒန်မင်အား ဟိုတယ်မှာမတည်းစေဘဲ မာတာမိခင်၏ အိမ်တွင်တည်းခိုရန်အသိပေးကမ်းလှမ်းချက်ကြောင့် အင်္ဂလိပ်ဆရာ၏ပစ္စည်းပရိဘောဂလိုအပ်သည်များကို အချိန်ပေးပြီး ညိုမင်းမိုလိုက်ဝယ်ပေးနေရခြင်းဖြစ်၏။သူ၏နားချိန်ကိုတောင်ဖဲ့ပေးပြီး ထိုသူ့နောက်တကူးတကလိုက်လာရသည်မို့ စိတ်ကတော့သိပ်မကြည်ချင်။
"...အိမ်သာသုံးစက္ကူ..."
"လက်နဲ့မကုံးတက်ဘူးလား..."
"ဟင်...."
"ကျွန်တော်တို့အိမ်က အိမ်သာက ဘိုထိုင်မဟုတ်ဘူး..အဲ့တော့အိမ်သာသုံးစက္ကူမလိုဘူးလေ..ဖင်အကျင့်သားမရရင် အများသုံးအိမ်သာတွေလိုက်တက်ချည်..သူတို့ကဘိုထိုင်တွေလေ..."
"...!!!..."
ရုတ်တရက်တရက်စပ်ပြောထွက်လာသည့်စကားများအား အာဒန်မင်မျက်လုံးကလေးကလည်ကလည်နှင့် အံ့ဩစွာ သူ့ရှေ့ကလူအား ကြည့်မိ၏။ ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ခါစကတည်းက ရန်အလုပ်ခံနေရသည်မို့ သူ၏ဘယ်နေရာကများမှားယွင်းနေသလဲဟု မကြာခဏသတိရတိုင်း ကိုယ့်ကိုကိုယ်ပြန်မေးမိတက်၏။
ŞİMDİ OKUDUĞUN
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romantizmဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်