S2 Ep10

7.8K 605 24
                                    

Unicode...

မိခင်ဖြစ်သူမှာ ထီးရှည်တစ်လက်ကိုင်လို့ ပိုက်ဆံအိတ်အားဂျိုင်းကြားညှပ်ခါ ရုံးခန်းထဲမှ ဦးစွာထွက်လာခဲ့၏။အနောက်တွင် သားဖြစ်သူ မြတ်ကြည်မောင်မောင်ကတော့ခပ်ကုပ်ကုပ်ကလေးနှင့် မခုတ်တက်သည့်ကြောက်ကလေးလို မာန်စွယ်ချိုးလို့ လက်သည်းများပင်ဝှက်ထားလေ၏။ မသိလျှင် အလိမ္မာတုံးပလေးပါပေါ့။ ရုံးခန်းမှထွက်လာသည့် ကော်ရစ်တာတစ်လျှောက် ဒေါ်ခိုင်သင်ဇာမှာ ပါးစပ်မှအမြှုပ်ပင်ထွက်မတက် သားဖြစ်သူအားတတွတ်တွတ် ပြောဆိုနေခဲ့ပေမဲ့ မြတ်ကြည်တို့ကတော့ ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်သည့်လူစားမျိုး။

မိခင်ဖြစ်သူ၏ ဝန်ထမ်းဝတ်စုံကြောင့်ဘေးရှိကျောင်းသားကျောင်းသူများက ကွက်ကြည့်ကွက်ကြည့်နှင့် ရှိနေသော်လည်း ဒါကိုမြတ်ကြည်အရေးတယူလုပ်ပြီး လိုက်ကြည့်မနေမိပါ..။ ထိုပုံစံအား သူ ကျောင်းစတက်ကတည်းက မြင်သားကျနေပြီဖြစ်လေသည်။ မိခင်ဖြသ်သူ၏မီနီစကပ်တိုတို အသားကပ်ခြေအိတ်နှင့် ကိုယ်ကျယ်ရှပ်လက်ရှည်စတစ်ကော်လံက နီညိုရောင်ဆံပင်ကောက်ကောက်တွေနှင့်လိုက်ဖက်ညီနေသလိုမျိုး သု၏မိခင်အား ငယ်ရွယ်နေစေလေ၏။ ၄၀ ကျော် အမျိုးသမီးတစ်ဦးဟုမထင်ရအောင် သူမ၏အလှက သူမအားဖုံးဖိပေးထားကြ၏။ အများကလှမ်းကြည့်ရင် ဒီသားအမိတွေဟာ မောင်နှမတွေပါပေါ့...။

"ကဲ မြတ်ကြည်မောင်မောင်... ဒီနှစ် နှစ်ခြင်းပေါက်မအောင်ရင် ခွေးလိုအူပြီး အိမ်ပေါ်ကခေါင်းနဲ့ဆင်းရမယ်မှတ်..ငါ့တာဝန်ဝတ္တရားရှိတာအကုန် လုပ်ပေးပြီးပြီနော်..ကျန်တဲ့အပိုင်းက နင့်တာဝန်ဖြစ်သွားပြီ... ရှေ့က နင့်အမကိုတွေ့လား သူ့တာဝန်သူကြေတယ်..ဒင်းဘဲကြောက်ရတာ..စာလုပ်ဆိုရင် ကွန်ပျူတာဂိမ်းစက်ရှေ့ကကိုမခွာဘူး...ဘာဘဲဖြစ်ဖြစ်ပါ..ဘော်ဒါပို့လိုက်ပြီဆိုတော့ ဟင်းဟင်း.. တစ်ချက်ခုပ်နှစ်ချက်ပြက်..နားလည်းအေးတယ်..ငါ့ပါးစပ်လည်းအမြှုပ်မထွက်တော့ဘူး... ကျောင်းပိတ်ရက်တွေမှာ အိပ်ယာမထချင်တဲ့ကောင် ဘော်ဒါနေရင် အိမ်မှာလို ထချင်တိုင်းထလို့ရမယ်မထင်နဲ့...စာနဲ့မျက်နှာကပ်ထားရမှာ....ပြီးတော့......"

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Where stories live. Discover now