S2 Ep4

9.3K 766 34
                                    

Unicode....

"အိမ်စာထပ်မယ်..."

မာထန်လှသောအသံကြောင့် ကျောင်းသားများ၏ခေါင်းများမှာ ရောက်ရာအရပ်မှနေခါ အတန်းခေါင်းဆောင်ဆီလျှင်မြန်စွာဖြတ်ခနဲကြည့်လာကြ၏။ တိခနဲပျက်သွားသောမျက်နှာပိုင်ရှင်များက ရောက်ရာအရပ် လုပ်နေသည့်အလုပ်များ ရပ်ခါ ကျောပိုးအိတ်ထဲမှစာအုပ်များကို လျှင်မြန်စွာဆွဲထုတ်လာကြ၏။

"သေရော..သေရော...အိမ်စာမပြီးသေးဘူး"

"အခုကတည်းက ထပ်ရမှာလား..."

"ဟ..အိမ်စာပေးထားတဲ့ physics က ထမင်းစားပြီးပြန်တက်ချိန်မှလေ..."

"မော်ကြီးကတော့ လုပ်ပြီဟေ့..."

တီးခေါက်သံခပ်တိုးတိုးက မကြေမနပ်လေသံများနှင့် ဘာမှမတက်နိုင်သည့် သနားစရာဒုက္ခသည်များသဖွယ်...အခုမှ စာအုပ်ထုတ်လို့ အလင်းကဲ့သို့လျှင်မြန်သောနှုန်းနှင့် အပြီချနေကြပြီဖြစ်၏။

"ရည်မွန်မ...အချိန်ဆွဲထား..."

မြတ်ကြည်၏ ပါးစပ်လှုပ်သံနှင့်အတူအသံခပ်တိုးတိုးက သေရေးရှင်ရေးဖြစ်နေသည့်လူတစ်ယောက်လို...ပြောပြီးသည်နှင့် စာအုပ်ထဲခေါင်းထိုးခါ မျက်နှာအမူအယာပါအောင်ကိုပါ ကိုယ်ကိုကိုင်းလို့ရေးနေပြီဖြစ်၏။

"အရူးကောင်..ကျပ်မပြည့်တဲ့ ဂေါက်သီး....သူများခိုင်းတာဘဲစိတ်ဝင်စားတဲ့ကောင်...မင်းက တစ်ကိုယ်တော် TTMY ဘဲ"

TTMY ဟုခေါ်လိုက်သည့် မြတ်ကြည်၏ပါးစပ်မှ အသံကြောင့် ဘေးကနှစ်ယောက်မှာ စာကူးနေရင်းမှ ခေါင်းလှည့်ကြည့်လာ၏။

"TTMY ကဘာတုန်း"

"တောက်တိုမရ..!"

မျက်လုံးဝိုင်းသွားသောဘေးကနှစ်ယောက်မှာ တောက်ပနေသော မျက်လုံးအကြည့်များနှင့် မြတ်ကြည်အား ဆရာတင်လိုက်မိ၏။ ဒီလောက် စာကူးနေရတာတောင်ဦးနှောက်ကနေလိုက်မမှီအောင် နစ်ခ်နိမ်း ကပေးလိုက်သေးသည်။

"ငါ့ဘက်ကိုပြအုံးမမြင်ရဘူး..."

ရှေ့တန်းမှငှားထားသည့်စာအုပ်က ထိုသုံးယောက်၏လက်ထဲတွင် အတော်လေးတွန့်ကြေနေပြီဖြစ်သော်လည်း စာအုပ်ပိုင်ရှင်ကဘာမှမပြောရဲ..။ မြတ်ကြည်၏ တံတောင်စာမိပြီး အတင်းလုယူခံလိုက်ရသဖြင့် စာအုပ်မပျက်စီးဖို့ကိုသာ ရင်တမမဖြစ်နေရ၏။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Hikayelerin yaşadığı yer. Şimdi keşfedin