S2 Ep18

6.9K 540 52
                                    

Unicode....

ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်ခါဆော့နေရင်းမှ တခုခုအားသတိရသွားသလို ကုတင်ရှိရာဘက်ပြန်လှည့်လိုက်၏။ မျက်နှာထက်က ထုံးအကွင်းလိုက်များနှင့် တနေ့လုံးဆော့ကစားထားသည်ကြောင့် ချွေးနံ့ကဟောင်ထနေသည်မို့ ရေချိုးရန်ပြင်ဆင်လေသည်။ သို့သော် အစောက ကုတင်ပေါ်တွင်ချွတ်ချထားသော ပုဆိုးဂွင်းလုံးနှင့်အင်္ကျီအဖြူကိုလျှော်ရန် ကုတင်ဘက်သို့လှည့်အယူ သူ့အား ကုတင်ပေါ်တွင် ဘေးတစ်စောင်လဲလျက်သား လက်ထောက်ခါကြည့်ခါ အားရပါးရရယ်နေသည့်မျက်နှာကြောင့် ခြေလှမ်းများပင် တုန်ချိသွားလေတော့သည်။

"မင်း..မင်း..မင်း....."

အံ့ဩမှုနှင့်အတူ တစ်နေ့လုံး၏အဖြစ်အပျက်များက ခေါင်းထဲ ပြဇာတ်တစ်ခုလို တစ်ခုချင်းဆီတရိပ်ရိပ်ပြန်ပေါ်လာနေသည်မို့ ဖဲရှုံးလာသည့် အဆင်မပြေသည့်စိတ်တို့ကပါ စုပြုံသွားငည့်အခါ မျက်စိရှေ့ကလူကိုပင် ရန်တွေ့ဖို့ သတ္တိများလုံလောက်နေပြီဖြစ်၏။

"လူကို တစ်နေ့လုံးလှောင်ပြောင်နေတာ တရားလွန်လာပြီ.."

စကားသံနှင့်အတူ လက်ချောင်းများသည် စောသိုက်ခေတ်၏ ခြေငလုံးအမွှေးကောက်ကောက်များကိုပင်ဆွဲနှင့်ပြီးသားဖြစ်နေလေ၏။ သတိတစ်ချက်ပြန်ဝင်တော့ သူ၏လက်ထဲတွင် အမြစ်လိုက်ကျွတ်ပါလာသော အမွှေးကောက်တစ်ခုအားတွေ့လိုက်ရ၏။

"အား....သေ..သေပါပြီ...ခြေသလုံးမွှေးကိုမဆွဲနဲ့ကွ"

အော်သံညည်းညည်းနှင့်အတူ ဒေါသစွက်သံမဟုတ်ပါဘဲ လေပြေခပ်လျော့လျော့နှင့်မတူဘဲ မိဘဖြစ်သူထံမှ ကလေးငယ်လေးကအမှားလုပ်မိသလိုမျိုး သင်ပြပြောပြနေသည့် လေသံမျိုးသာဖြစ်လေသည်။

ရုတ်တရက် ခံစားလိုက်ရသည့် စိတ်မှာ အမှားလုပ်မိသည့်အခါ အရိုက်ခံရမည်စိုးသည့်လူလိုမျိုး လတ်တလောမည်သည့်စကားမျှမဆိုနိုင်။ ကျွတ်ပါလာသည့်လက်ထဲရှိအမွှေးများကို ခါထုတ်လိုက်ရင်းမှ တခုခုအားသတိတရရှိသွားပုံရ၏။ အရောင်လက်နေသောမျက်လုံးကလေးများနှင့်အတူ စောသိုပ်ခေတ် ကုတင်ဘေးပြေးကပ်သွားရင်း ထိုသို့ဆိုလိုက်မိ၏။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Where stories live. Discover now