Unicode...
စာသင်ခန်းအတွင်းမှ စာဖတ်သံများသည်ဆူညံလျှက်ရှိ၏။ သို့သော် စာသင်ခန်းပြင်တွင် ကုတ်ချောင်း ကုတ်ချောင်းနှင့် ပြူတင်းပေါက်မှခါးကိုင်းလို့ အခန်းထဲချောင်းကြည့်နေသည့်မြတ်ကြည်မှာ အရှေ့တန်းက စာလိုက်လုပ်နေသည့် မော်ကြီးထံတွင်ဖြစ်လေသည်။
စိတ်လှုပ်ရှားသောအမူအရာများနှင့် လက်သည်းထိပ်ကလေးများအား သွားများဖြင့်တတိတိကိုက်နေသည့် မြတ်ကြည်မှာ ဂနာမငြမ်သောမျက်လုံးအစုံတို့နှင့် သူ့ကိုယ်ပိုင်ခုံက အတန်းဖော်များကိုလည်း ခြေဟန်လက်ဟန်ဖြင့် လှမ်းခေါ်နေသေးသည်။ပါးစပ်မှလည်း လေသံထွက်ရုံသာ တဟေးဟေးနှင့် အော်ခေါ်လျှက်ရှိ၏။
ထိုအခါ သူ့အားလှမ်းကြည့်လာသည့် စေလုံနှင့်ဘိုး... ။ အခန်းပြင်ပမှာ ခြေကားယားလက်ကားယားလုပ်နေသည့် မြတ်ကြည်အား သူတို့နှစ်ယောက် အံ့ဩစွာမျက်လုံးပြူး၍လှမ်းကြည့်လိုက်မိ၏။
"ဟေး ကောင်..အနောက်မှာ..."
ဘိုးက မျက်လုံးပြူး၍ ပါးစပ်လှုပ်ပြရုံသာ မြတ်ကြည်ရှိရာအပြင်ဘက်သို့လက်ညှိုးတဆက်ဆက်ထိုးပြနေခဲ့၏။ ထို့နည်းတူ စေလုံကလည်း မျက်နှာအမူအရာနှင့်အချက်ပြနေသည်မို့ မြတ်ကြည် သူ့အနောက်သို့လှည့်ကြည့်လိုက်မိလျှင်....
"အမေ့....!!"
မြတ်ကြည်အား ခပ်စူးစူးအကြည့်တွေနှင့်ကြည့်နေသည့် သင်္ချာဆရာ....! သူ့အား မျက်မှန်ကြီးပင့်လို့ကြည့်နေသည့် ဆရာဖြစ်သူမှာ ဘာစကားမျှမဆိုသေးဘဲ တစိုက်မတ်မတ်သာဆက်၍ကြည့်နေသေး၏။ မြတ်ကြည်ကတော့ တံတွေးတစ်ချက်သာ "ဂလု"ဟူသောအသံမြည်လာအောင်မြိုချပစ်ရင်း လက်ဖျားတွေပင်အေးစက်သွားတော့သည်။ သင်္ချာဆရာ ဘယ်လောက်ကြမ်းလဲဆိုတာ ၁၀တန်းကျောင်းသားတွေတိုင်းမသိဘဲမနေ...။ သင်္ချာဆရာ၏နာမည်ဖြစ်သည့် " ဆရာညိုမင်းမို လာနေပြီဟေ့..." ဆိုတာနှင့် တစ်တန်းလုံး တိခနဲ ပါးစပ်တို့အားကော်ကပ်မိသွားသလို အသံပင်ထွက်မလာတော့ချေ။ထိုမျှကဲ့သို့ သင်္ချာဆရာ ညိုမင်းမိုသည် ကျောင်းသားများအပေါ် ဩဇာလွှမ်းမိုးမှုမှာ အလွန်ပင် သက်ရောက်လွန်းလှသေည်။
ESTÁS LEYENDO
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romanceဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်