Unicode....
ဆရာမ၏ အတန်း roll လှည့်သည့်စကားကြောင့် ရှေ့ဆုံးအတန်းမှ နောက်ဆုံးအတန်းသို့ရောက်လာသည့် အတန်းခေါင်းဆောင်တို့အတန်းမှာ မြတ်ကြည်မောင်မောင်တို့၏နောက်ခုံတွင်ဖြစ်၏။ မနေ့က ဖြစ်သည့်အကြောင်းအရာအချို့ကြောင့် အတန်းခေါင်းဆောင်တစ်ယောက်ရှက်နေမည်ဆိုးစွာဖြင့် စကားမစဘဲနေခဲ့သော်လည်း အတည်ငြိမ်ကြီးတည်ငြိမ်နေသည့်သူကြောင့် မြတ်ကြည်၏ ခေါင်းမှာ ညာဘက်ထောင့်သို့စောင်းခါစောင်းခါ မျက်လုံးများမှာသည်လည်း အကောင်းပကတိမှ အစွေအစောင်းဖြစ်တော့မည်။
"ဟေ့ကောင် မောင်မောင်"
ဘေးရှိ ဘိုး၏ရိုက်ချက်ပြင်းပြင်းနှင့်လက်က မြတ်ကြည်၏ကျောအားကော့သွားအောင် ရိုကအချလိုက်ရင်း ပုခုံးအားဆွဲဖတ်ထားလိုက်လေသည်။ ဒါကို အနောက်တန်းတွင်ထိုင်နေသည့် စောသိုက်ခေတ်၏ ဖြတ်ခနဲ မျက်လုံးလှန်လို့ မော့ကြည့်လာသည့်အကြည့်တို့က ဘိုး၏မြတ်ကြည်အားဆွဲဖတ်ထားသည့်လက်များထံတွင်သာဖြစ်၏။
ကျောကော့သွားသည့်မြတ်ကြည်သည်လည်း အီဆိမ့်သွားသည့်နှယ် ဘေးကဘိုးအား လက်သီးဖြင့်ခပ်ဖွဖွပြန်ထိုးလေသည်။
ဘိုးနှင့်စေလုံနှစ်ကောင်သားရန်ဖြစ်ကြသဖြင့် အလည်ပြန်ရောက်လာသည့်မြတ်ကြည်က ဘိုး၏ဘေးနားတွင်မထိုင်ချင်ရိုးအမှန်။ ဒီကောင်ကသိပ်လက်ပါတာ။ ရယ်လည်းဘေးကလူကိုလက်မောင်းပြုတ်ထွက်အောက်တဖက်ဖက်ရိုက်သလို စ,နောက်လျှင်လည်း လက်ကြမ်းကြီးနှင့်ရိုက်လွန်းသည့်သူ့စရိုက်ကြောင့်ပင်ဖြစ်လေသည်။
"မရိုက်နဲ့ဟေ့ကောင်ရ...ငါ့အဆုတ်တွေလည်းပြုတ်ထွက်ကုန်တော့မယ်"
"မပြုတ်ပါဘူးကွာ..."
"ချိန်စက် မင်းလက်ကိုဖယ်စမ်းပါ။ ပူရအိုက်ရတဲ့ကြားထဲကွာ...."
"မဖယ်ပါဘူး...ငါ့အသဲလေးနဲ့မထိုင်ရတာကြာလို့ လွမ်းလို့ဖတ်ထားပါရစေ.."
အတင်းဖတ်ထားသည့်ဘိုးမှာ ရုန်းကန်နေသည့်မြတ်ကြည်အား ပိုမိုတင်းကြပ်စွာပင်ပို၍ဖတ်ပစ်လိုက်သည်ကြောင့် လက်သီးကျစ်ကျစ်ပါအောင်ဆုတ်ထားသည့်စောသိုက်ခေတ်မှာ ကြည့်မရတော့သည်ကြောင့် ဘိုး၏လက်အားဖြတ်ခနဲပိတ်ရိုက်ပစ်လိုက်၏။
KAMU SEDANG MEMBACA
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romansaဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်