Unicode....
မြတ်ကြည်မောင်မောင်၏ အတန်းခုံပေါ်တွင် လေးထောင့် စက္ကူဂျက်ဖာပုံးကလေးက အသင့်နေရာယူလို့ထား၏။အထူးအစမ်းဖြစ်နေသည့် မြတ်ကြည်က စေလုံ့အားကြည့်လိုက်ဘိုးအားကြည့်လိုက်နှင့် မျက်ခုံးတို့အားကြုတ်ခါ အခန်းပတ်ပတ်လည်အားလိုက်ကြည့်လိုက်သေး၏။
"ဟေ့ကောင်တွေ ဒီbox ကဘယ်သူ့ဟာလဲ..ပြန်ယူနော်.."
"ငါ့ဟာမှမဟုတ်တာ ယူစရာလား"
ဘိုးကမဲ့မဲ့ယွဲ့ယွဲ့နှင့်ဆိုတော့ စေလုံကလက်မထောင်ခါထောက်ခံပြ၏။"မင်းခုံပေါ်မှာတင်ထားတာဆိုတော့မင်းဟာဘဲနေမှာပေါ့ကွ..ညနေပိုင်းအငယ်တန်းတွေကျန်ခဲ့တာဆိုရင်လည်း မဖြစ်နိုင်ဘူး ဘာလို့ဆို ဒီအခန်းက ညနေပိုင်းဆို ကျောင်းသားတွေ မရှိဘူး.."
စေလုံ၏အဖြေကြောင့်မြတ်ကြည်က မျက်ခုံးကလေးပိုကြုတ်လိုက်ရင်း box အားဖွင့်ရန်ပြင်လိုက်၏။
"ငါ..ဖွင့်ကြည့်လိုက်မယ်နော်"
"ဖွင့်ပေါ့"ဟုဆိုလာသည့်ဘိုးကအနည်းငယ်တော့စပ်စုချင်နေမိ၏။
ဘေးရှိစေလုံကလည်း အလယ်တွင်ထိုင်နေသည့်မြတ်ကြည်လက်ထဲက စက္ကူဘောက်ကလေးအား စူးစမ်းနေမိ၏။ သေလျာပေါက်စောသိုက်ခေတ်ပြင်ဆင်ထားသည့်လက်ဆောင်ပစ္စည်းမို့အထဲတွင်ဘာတွေပါမလဲဟူ၍သူသိချင်နေမိ၏။
မြတ်ကြည်က စက္ကူပုံးအားခပ်ဖြေးဖြေးဖွင့်ရင်းအထဲမှပါဝင်ပစ္စည်းတွေအားကြည့်လိုက်သည့်အခါ မျက်လုံးများပင်ပြူးထွက်ကုန်၏။ CD ပြားတွေ..။ ရိုးရိုး CD ပြားတောင်မဟုတ်...HD ဟုစာတန်းရေးထိုးထားသော.........
"ရင်ခုန်စရာညတစ်ည ၊ ထောင်ခန်းထဲမှ ရဲမေအလှလေးများ ၊ ကိုရီးယားမယ်အလန်းလေးများစုစည်းမှုပေါင်းချုပ် ၊..... "
" ဂျပန်အောကားနှင့်အပြာကား အကြည် မြန်မာစာတန်းထိုး ၊ နိုင်ငံခြားဖြစ် 18 + ၊ ကျွန်းပေါ်မှာ မင်းနဲ့ကိုယ်နှစ်ယောက်ထဲ...ဖွီး....."
အသံထွက်ရင်းဖတ်ပြနေသည့်ဘိုးနှင့်စေလုံမှာ မြတ်ကြည်လက်ထဲက အပြာCD ပြားများအားကြည့်ရင်း အူခွေနေအောင်ရယ်ကြ၏။အဆိုးဆုံးကတော့ စေလုံပင်ဖြစ်၏။ဟိုတစ်နေ့ညကတော့ဖြင့် အတည်ပေါက်ကြီး ဆင်ဖမ်းမယ်ကျားဖမ်းမယ်လုပ်နေပြီးတော့။ဒီကောင် စောသိုက်ခေတ်လုပ်ပုံကိုကမဟုတ်တာ..။ ဒေါသထွက်နေသည့်မြတ်ကြည်မှာ တဆက်ဆက်တုန်နေသောလက်ကလေးများကပင်သိသာထင်ရှားလှ၏။
YOU ARE READING
My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)
Romanceဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော်လဲပါစေ..! - မြတ်ကြည်မောင်မောင်