S2 Ep34

4.7K 352 10
                                    

Unicode....

ဆောင်းညလယ်၏ချမ်းအေးမှုက ကြောက်စရာကောင်းစွာ တစ်ကိုယ်လုံးအားအေးစက်စက်နှင့် အချမ်းပိုနေစေခဲ့၏။အိပ်ပျော်နေသော်လည်း အေးစက်မှု၏ဒဏ်က ညလယ်ရောက်တိုင်းပြန်ပြန်နိုးလာတက်သေး၏။ထိုအခါ ဘေးကုတင်က ဆောင်နှင့်လူတခြားစီဖြစ်ဖြစ်နေတက်သည့်ကောင်လေးအားထ,ထကြည့်ခါ ဂရုစိုက်ပေးရသေးသည်။ အိပ်လိုက်တိုင်း ဘာမှမသိတော့သည့်သူ၏အချစ်ကလေးက ဆောင်းတွင်း၏ညဘက်တွေမှာတော့ ပုဇွန်ထုပ်ကလေးတစ်ကောင်လိုကွေးကွေးကလေး ခေါင်းမဖော်အောင်အိပ်တက်သေး၏။

"ဟင်း...လူကဖြင့်ယိုင်နဲ့နဲ့ နဲ့။ ကိုယ့်ကိုကိုယ်ဂရုစိုက်ရမှန်းလဲမသိဘူးဘဲ..."

တစ်ဖက်ကုတင်ပေါ်ကလူဆီလွတ်နေသည့်ဆောင်အပိုင်းအစကလေးအား သေသေချာချာထုတ်ပိုးပေးထားသည်မှာ မုန့်ဖက်ထုပ်ကလေးလို..။စောသိုက်ခေတ် သူထုပ်ပိုးပေးထားခြင်းခံရသည့်ကောင်လေး၏အေးအေးလူလူအိပ်ပျော်နေသည့်မျက်နှာကလေးအားကြည့်ခါ သဘောတကျပြုံးရယ်မိပြန်၏။

"ခစ်ခစ်ခစ်....."

"............."

"ဟား...လန့်လိုက်တာ...တစ်ယောက်ထဲထိုင်ကယ်နေတာကြီးက အဆင်မပြေဘူးနော်"

စေလုံ၏တရေးနိုးရေဆာသည်ကြောင့်ရေထသောက်ဖို့ပြင်ရာဝယ် တခစ်ခစ်ရယ်သံနှင့်အတူ ကြက်သီးမွှေးညှင်းတို့ပင်ထောင်တက်သွားရသည့်အဖြစ်ပါလေ။

စေလုံ့လှုပ်ရှားမှုကြောင့်ကုတင်အောက်ဘက်ဆီဖြက်ခနဲအကြည့်ရွှေ့လာသည့်မှုန်ကုပ်ကုပ်အကြည့်နှင့်စောသိုက်ခေတ်က မျက်မှောင်ကုပ်၍ပင် စေလုံ့အားလှမ့းကြည့်လိုက်၏။

"ငါပြောမယ်သားကြီး..အဲ့နေ့ကအဖြစ်အပျက်ကိုခေါင်းထဲထည့်မနေနဲ့တော့...ဒီတစ်နည်းနဲ့မှမရရင်နောက်တစ်နည်းနဲ့လိုက်ကွာ..."

စောသိုက်ခေတ်က မြတ်ကြည်အားသူထပ်ကြိုးစားနေအုံးမည်ဟုကြွေးကြော်ခဲ့သော်လည်းတကယ်တမ်းကျတော့ သူဘယ်ကနေစလို့ဘယ်လိုဆက်လုပ်ရမလဲဆိုတာသူမသိပါ။ ထို့ကြောင့်လူရောစိတ်ရောငြိမ်သက်နေခဲ့သည်မှာ တစ်ပတ်ကျော်ခဲ့ပြီဖြစ်၏။ အကြောင်းသိသည့်စေလုံကတော့ ဘေးလူ၏အမြင်နှင့်မနေနိုင့်တော့တာလဲပါမည်။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Hikayelerin yaşadığı yer. Şimdi keşfedin