S2 Ep28

5.6K 445 46
                                    

Unicode....

"လီးဘဲပေါ့ကွာ....လီးဘဲ"

ဘိုး၏မကြေမနပ်သောလေသံက အဆောင် အပေါ်တက်သည့်လှေကားနားမှစခါ တစ်ဆောင်လုံးကြားရအောင်အထူးရည်ရွယ်နေသလားအောက်မေ့ရ၏။ ဆွတ်ကျယ်အဖြူနှင့်ကျောပိုးအိတ်ကို စလွယ်သိုင်းပြီး ကော်ရစ်တာမှလျှောက်လှမ်းလာနေသည့်ဘိုးမှာ အပေါ်ထပ် အဖြူအင်္ကျီရှပ်လက်ရှည်ကို ချွတ်ခါ ပုခုံးပေါ်တင်လို့ ပုဆိုးခပ်တိုတိုနှင့် လမ်းလျှောက်လာသည်မှာ ဒေါသထွက်နေသယောင်။ လူတစ်ကိုယ်လုံးသည်လည်း ချွဲတလုံးလုံးသန်တစ်လုံးလုံးနှင့်မို့ နှဖူးကချွေးခြေမကျသည်ဆိုတာ ဘိုးကိုကြည့်ပြောတာဖြစ်မည်ပင်။ အနောက်က စေလုံမှာလည်း ထို့နည်း၎င်းပင် ရှပ်အဖြူလက်တိုမှာချွေးတို့ကြောင့်အသားသို့တွင်တွင်ကပ်နေကြလေသည်။အသားညိုသူမို့ ချွေးထွက်နေသည်မှာဆွဲဆောင်မှုအားကောင်းသည့်ယောက်ျားတစ်ယောပ်အဖြသ်အသွင်ဆောင်လို့ အောက်ထပ်မှမိန်းမငယ်ကလေးများ၏မျက်စိကစားခြင်းကိုပင်ခံခဲ့ရသေးသည်။

"တောက်! ငါတို့ကတော့ သေတော့မလိုဘဲ..ပြန်သွားကြတာတောင်လက်မတို့ဘူး မအေလိုးလေးတွေကို နောက်နေ့မျက်နှာမြင်ရင် လီးနဲ့တက်ပွတ်ပစ်အုံးမယ်"

ဆဲရေးသံက ကြမ်းသထက်ကြမ်းခါ ပိုမိုကျယ်လာသည်ကြောင့် အခြားအခန်းမှ ယောက်ျားလေးများပင် အခန်းအပေါက်မှခေါင်းပြူထွက်လို့ကြည့်လာလေ၏။တချို့ကမျက်စပစ်၍အနောက်ကစေလုံကိုမေးသော်လည်း စေလုံကပုခုံးပြန်တွန့်ပြရုံသာတွန့်ပြ၏။

"အချစ်ရာ...တကူးတကကြီးသွားပွတ်နေရမှာပျင်းစရာကြီးလေ...အဲ့တာကြောင့် ကိုယ်မျက်နှာကိုလာပွတ်..ကိုယ်စားခံပေးတာပေါ့ကွာ..."

"အနောက်က မအေလိုးကတစ်မျိုး...."

ခပ်ဆက်ဆက်နှင့်ဆဲရေးသံထွက်ပေါ်လာသည်မို့ စေလုံကဘာမှဆက်မပြောဘဲပြုံးရုံသာပြုံးလိုက်မိ၏။

သူဒီကောက်လေးအားသိပ်ချစ်၏။အထူးသဖြင့်နှုတ်ဖျားမှပဲ့ကျလာသည့်အသံကအစ သူမြတ်နိုးမိပါ၏။ ညီအကိုတွေဟု ဘယ်လိုဘဲတော်စပ်နေပါစေ သူတို့ကညီအကိုအရင်းမှမဟုတ်ပါဘဲလေ။ သူ့ဘက်ကလည်း ဘိုးအပေါ် ညီတစ်ယောက်ဟုမသတ်မှတ်နိုင်ပါ။ စည်းတွေဘောင်တွေခြားထားရင်တောင် အဲ့စည်းကိုလည်းချိုးဖောက်ပစ်မည်။စည်းဆွဲတဲ့သူကိုလည်း နားရင်းပိတ်အုပ်ပစ်မည်။ စည်းကိုမကျော်ဖို့လာတားသူမှန်သမျှ စောက်ခွက်တွေကို စီနီယာတကျရိုက်ပေးမည်။ သူ့ကို ပြန်မချစ်ဘဲမူနေတဲ့သူကိုတော့ ထိုသူ၏ပါးများကျွံထွက်သွားအောင်နမ်းပစ်မည်။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Donde viven las historias. Descúbrelo ahora