S2 Ep 24

5.5K 455 22
                                    

Unicode...

တီ တီ တီ တီ.....

ဆိုင်ကယ်ဟွန်းတီးသံခပ်ကျယ်ကျယ်က ယောက်ျားလေးအဆောင်ဘက်၏ကွင်းပြင်ကျယ်မှထွက်ပေါ်လာသည့်အသံပင်ဖြစ်လေသည်။

"ဟေ့ကောင်..ရပ်မယ်ဆိုရင် ဘရိတ်ကိုနင်းနော်"

အင်္ဂလိပ်စာဆရာ၏စိုးရိမ်သံက အော်သံအဖြစ်ပြောင်းလဲလို့နေပေသည်။ ဒါကို C ခန်း၏မော်နီတာဖြစ်သူဇော်ပိုင်မင်းက သွားဖြီးလို့လက်မထောင်ပြလိုက်လေသည်။အာဒန်မင်က သက်ပြင်းချသလို ဟူးခနဲလေမှုတ်ထုပ်လိုက်တော့၏။

"ကျွန်တော်ကဆရာကြီးပါဆရာရဲ့...."

"ငါက မင်းဆရာကြီးမို့ပြောနေတာမဟုတ်ဘူး အဲ့ဆိုင်ကယ်က မိုလေးဟာ..."

ယောင်ယောင်နနနှင့် မိုလေးဟုခေါ်လိုက်ပြီးမှ အင်္ဂလိပ်ဆရာအာဒန်မင်က မျက်ခုံးများပင့်ခါ နှုတ်ခမ်းနှစ်လွှာကိုစေ့ထားလိုက်မိတော့၏။

"ဟားဟား သင်္ချာဆရာ ညိုမင်းမိုလို့ပြောလိုက်တာ..ရုတ်တရက် မြန်မာလိုဘယ်လိုပြောရမှန်းမသိတော့လို့...အင်း....,"

"ဪ..."

ဇော်ပိုင်မင်း၏ အ​ဖြေက ဪ တစ်လုံးတည်းသာ။ သူ၏စိတ်ဝင်စားမှုသည်တော့ သူတက်ခွထိုင်ထားသည့်ဆိုင်ကယ်ထံတွင်။ ဘာမှန်းမသိ ကျောမလုံဘဲဖြစ်သွားသည့်အာဒန်မင်ကတော့ မျက်လုံးအိမ်များမငြိမ်ရှာခဲ့ချေ။

"ယုံကြည်နေလိုက်စမ်းပါဆရာရဲ့...ကျွန်တော် မိန်းလေးအဆောင်ဘက်ထိစီးကြည့်လိုက်မယ်နော်"

"ဟေ့ကောင်..အရမ်းမလုပ်နဲ့နော်..ငါ့မှာယော်ပေးစရာပိုက်ဆံမရှိဘူး"

"ဟား...ဆရာကလည်း...နိုင်ငံခြားသားဖြစ်ပြီး ပိုက်ဆံလေးတောင်မရှိဘူးလား"

"ဟ နိုင်ငံခြားသားဖြစ်တိုင်းပိုက်ဆံရှိရမှာလား..နေစရာမရှိလို့ ငါတောင် မင်းတို့နဲ့အတူ ကျောင်းအုပ်ရဲ့အိမ်မှာလိုက်နေနေရတာလေ"

"ခွီး....မစတော့ပါဘူးဆရာရယ်"

"မင်းတို့နဲ့တော့ခက်တော့ခက်နေပါပြီကွာ"

"စိတ်မပူနဲ့ဆရာ ကျွန်တော့်စကေးတွေကိုတချက်ရှိုးလိုက်...."

အပြင်ဘကတွင် အုပ်စုဖွဲ့ထိုင်နေကြသည့် ယောက်ျားလေးအုပ်စုမှ ဘာမှဝင်မပြောကြဘဲ ရယ်သာရယ်နေကြ၏။ Cခန်း မော်ကြီး၏ပြောင်ချော်ချော်အပြုအမူများတွင် သူတို့ဝင်ပါစရာစကားလမ်းပင်တိုး၍မရခဲ့တာကြောင့်ပင်။ ထိုအထဲတွင် ဆိုင်ကယ်စီးချင်၍သွားရည်တများများကျနေသည့် မြတ်ကြည်မှာလက်ထဲက စားစရာကိုပင်ဆက်မစားနိုင်လောက်အောင်ကို စိတ်ဝင်တစားဖြစ်နေခဲ့၏။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Where stories live. Discover now