S2 Ep22

7.1K 519 35
                                    

Unicode....

အနုပညာတန်းအတွင်းမှ ပန်းချီဆရာမ၏ မျဥ်းဖြောင့် မျဥ်းကွေးဆွဲနည်းမှာလွန်ခဲ့သော တစ်လကျော်လောက်ကတည်းက အခြေခံအဆင့်အားဖြတ်ကျော်ပြီးစီးပြီးနောက် ယနေ့အတန်းချိန်သည် အရာဝတ္ထုပစ္စည်းများကို ပုံတူရေးဆွဲခြင်းဖြစ်လေသည်။ဆွဲရသည့်ပုံမှာ ထူးထူးခြားခြား ပန်းပုံများကိုဆွဲခိုင်းခြင်းဖြစ်လေသည်။ ဆရာမက ကျောက်သင်ပုန်းပေါ်တွင် ဆွဲပြပြီး ကျောင်းသားများကတော့ မျဥ်းကြောင်းလွတ် ဗလာစာအုပ်အဖြူပေါ်တွင် အနောက်မှလိုက်ဆွဲရခြင်းသာဖြစ်လေသည်။

"ကိုယ်ကြိုက်နှစ်သက်ရာပုံကို ဗလာစာအုပ်ထဲဆွဲပြီး ဆရာမဆီလာပြကြ..ငြိမ်ငြိမ်ထိုင်ဆွဲကြ....ဆရာမအရေးကြီးတာလေးလုပ်မလို့..."

ဆရာမက တစ်ထွာသာသာမြင့်သော စတိတ်စင်ပေါ်မှလှမ်းအော်ပြောရင်း နေရာသို့ခပ်သုပ်သုပ်ပြေးထိုင်လေသည်။ဆရာမကိုကြည့်ရတာ အတန်းထဲစဝင်လာကတည်းက ရေးကြီးသုပ်ပြာဖြစ်နေသည့်ဟန်တူ၏။အသက်အရွယ်အရ ကိုယ့်အဖွားအရွယ်နီးနီးဖြစ်နေသည့် ပန်းချီဆရာမဒေါ်သန်းဌေးရီ မှာ နောက်နှစ်ဆိုလျှင် အသက်၆၀ပြည့်ပြီမို့ပင်စင်ယူရန်ပင်သတင်းကြားထားသေး၏။

ကျောင်းသားများ၏ ခပ်တိုးတိုးလေသံများနှင့်စာရွက်လှန်သံ ၊ ခဲတံကိုင်သံများက ပုံမှန်လှုပ်ရှားမှုတစ်ခုလို စာသင်ခန်းအတွင်း ပျံ့နှံ့နေလေ၏။

ဒေါ်သန်းဌေးရီကဖြင့် သူမ၏ ကြိမ်ဆွဲခြင်းကလေးထဲမှဘောင်ချာဖြတ်ပိုင်းစာအုပ်ကဲ့သို့သောစာအုပ်အညိုရောင်ကလေးအားထုတ်ခါ တစ်ခုခုအားချရေးမှတ်နေလေ၏။ သိပ်မကြာခင် အတန်းရှေ့သို့ ရောက်ချလာသော ဝိဇ္ဇာတွဲကဆရာမက ဒေါ်သန်းဌေးရီအားလှမ်းခေါ်လိုက်၏။

"အစ်မ...ဒီနေ့ထိုးမယ်မှလား..."

"အေး..ငါခုဘဲလာတော့မလို့...အကွက်ယူအုံးမလား"

"အစ်မရယ် ညီမဆီမှာ အကွက်က ၉၆ ကွက်လောက်ဖြစ်နေပြီ...လစာမထုတ်သေးတော့ ခုတလောထိုးကွက်လျှော့နေတာ..."

ဝိဇ္ဇာတွဲကဆရာမ၏စကားသံကြောင့် မြတ်ကြည်မောင်မောင်တို့မျက်ခုံးပင့်သွား၏။ ခိုးနားထောင်သည်လို့ဆိုရအောင်လည်း ရုံးခန်းကကျောင်းအုပ်ဆရာမကြီးကြားအောင်အော်နေသည့် ဆရာမဖြစ်သူကြောင့် ကျောင်းအုပ်ကြီးကပင် ခုချက်ချင်းဘဲပြေးဆင်းပြီးလစာပေးရတော့မလိုလိုနှင့်။

 My Monitor (or) ငါတို့အတန်းက မော်ကြီးက စောက်ရမ်းစည်းကမ်းကြီးတယ်!(Complete)Hikayelerin yaşadığı yer. Şimdi keşfedin