မိတ်ဆက် နိဒါန်း (Uni+Zawgyi)

488 14 1
                                    

Unicode
မှောင်မိုက် အေးစက်ကာ ရောက်ရှိရန် ခက်ခဲလှသော အလွန် ‌ေ၀◌းကွာလှသည့် စကြ၀ဠာ တစ်နေရာတွင် ရှေးဟောင်း ကြေးနီရောင် ခေါင်းတလားကြီးနှင့် ချည်နှောင် ခံထားရသည့် နဂါးရုပ်အလောင်းကြီး ကိုးလောင်းကား ရှိနေပေသည်။

စကြ၀ဠာကြီး မွေးဖွား ဖြစ်တည်စ အချိန်ကပင် တည်ရှိနေသည့်အလား။

ယင်းကဲ့သို့ ထိတ်လန့်ဖွယ် မြင်ကွင်းကို အာကာသ စူးစမ်းလေ့လာ ရှာဖွေရေး ယာဥ◌်မှ ဖမ်းယူရိုက်ကူး မိခဲ့ခြင်း ဖြစ်လေသည်။

ထိုနဂါးကိုးကောင်နှင့် ထူးဆန်းသော ကြေးနီခေါင်းတလားကြီး ရှေးယခင် ခေတ်များမှ ရောက်ရှိ လာခဲ့သလော။ သို့မဟုတ် စကြ၀ဠာ အခြားတစ်ဖက်မှ ရောက်ရှိ လာခဲ့ခြင်း ဖြစ်လေလား။ လူအများမှာ မတွေးတော နိုင်တော့ပေ။

လျှို့၀ှက်ဆန်းကြယ်သည့် လောကသစ် တစ်ခုသည်လဲ ပေါ်ထွက်လာခဲ့၏။ ထာ၀ရ ရှင်သန်နိုင်ခြင်းနှင့် မသေမျိုးတို့ ပေါ်ပေါက် လာြခင်းအပြင် ထူးခြားအံ့ဖွယ် ကိစ္စရပ်များကိုလဲ ဆက်တိုက်ကြုံတွေ့ လာရပေသည်။

ဤကဲ့သို့ ထူးဆန်းအံ့ဖွယ် နယ်မြေကြီး အတွင်းတွင် မရေမတွက်နိုင်သော လူများသည် တာအို နိယာမကဲ့သို့ ကိုယ်ပိုင် လမ်းစဥ◌်များကို ရှာဖွေကာ စတင် လျှောက်လှမ်းကြတော့လေသည်။

လှိုင်းထန်သော သမုဒ္ဒရာ သဖွယ် ထိုသူတို့၏ စိတ်အားထက်သန် ပြင်းပြမှုသည် ဘယ်သောအခါတွင်မှ ငြိမ်းအေးမသွားခဲ့ပေ။ သွေးများသည်ကား မီးတောင်သဖွယ် ပူပြင်းလောင်မြိုက် နေရုံမျှမက အာဏာကို လိုလားတက်မက်မှုနှင့် မသေမျိုးဖြစ်ရန် လိုလားတောင့်တ စိတ်တို့သည် အားလုံးကို မသိလိုက် မသိဘာသာနှင့်ပင် အဆုံးမဲ့သော ၀◌ဲဂယက်အတွင်း၌ ကျဆင်း သွားစေခဲ့သည်။

ဘွဲ့ရရှိပြီးနောက် သုံးဆယ့်သုံးယောက်သော အခန်းဖော်တို့သည် တွေ့ဆုံပွဲတစ်ခုကို ကျင်းပခဲ့ကြလေသည်။ ထိုသူတို့၏ ရင်းနှီးခင်မင်မှုများကို စမ်းသပ်သည့်အလား ကြေးနီခေါင်းတလားကြီးသည် သူတို့အား ကမ္ဘာမြေမှ အ‌ေ၀◌းကို ခေါ်ဆောင်ကာ အမည်မသိ ဂြိုဟ်တစ်ခုဆီသို့ ပို့ဆောင် လိုက်လေ၏။

ဇဗ္ဗူဒီပါတောင်ကျွန်းသခင် (Uni+Zawgyi)Where stories live. Discover now